" မ​ပေးဘူး။ "

" အန်တီ​ဝေ့ ဖုန်းထဲတစ်ချက်ကလိလိုက်ရင် ရတယ်​နော်။ ဒီမှာ နားလည်မှု ရှိရှိနဲ့ ရိုးရိုးသားသား​လေး လူလိမ္မာ​လေးလုပ်ပြီး ​​တောင်း​နေတာကို ​ကြမ်း​အောင်မလုပ်စမ်းပါနဲ့။ "

ကာရံညီညာက ​ခေါက်ဆွဲကို ပါးတစ်ဖက်မှာ ငုံထားရင်း စိုင်းစွမ်းထက်ပိုင်ကို ​မော့ကြည့်သည်။မျက်​တောင်​ကော့​ကော့​လေးနဲ့ မျက်စံနက်နက်​လေးက ထင်းထင်း​လေး။ ငြင်း​နေလည်း သူ​ပြောသလို ဆရာမ​ဝေ​ဝေ၏ ဖုန်းထဲက ရနိုင်တာမို့ ကာရံလည်း မငြင်း​တော့ပါ။

" 09 978 ..... "

" ​သြော် ...sim_ cardက နှစ်​ထောင်တန်ကြီး​နော်။ "

" မင်း ... "

ကာရံညီညာ့မှာ ​ခေါက်ဆွဲ​တောင်သီးသွားသည်။ ကိုယ့်ကို ပိုး​နေတယ်ဆိုတဲ့သူက ဒီလို​ဒေါက်ဖြုတ်မယ်လို့မှ ထင်မထားတာ။​ဒေါသ​ကြောင့် နှာ​ခေါင်းထိပ်​လေးကိုရဲလို့။

" စတာ ...စတာ ... ချစ်လို့စတာ။ ဆက်စား ... ဆက်စား။ "

ကာရံက ဒီ​ကောင်​လေးနဲ့ စကားယှဥ်​ပြောလည်း မနိုင်တာမို့ ကိုယ့်အစားအ​သောက်ဆီမှာပဲ အာရုံပြန်ထည့်ထားသည်။

" Contact​လေး ဘယ်လိုမှတ်လိုက်ရမလဲ။ "

" မှတ်ချင်သလိုမှတ် "

" ​​ဂရုမစိုက်သလိုလိုနဲ့ အထာ​ပေးတယ်​နော် အဟင်း!!!။ ကြိုက်သလိုမှတ်တဲ့။"

ကာရံက ​ခေါက်ဆွဲကိုပဲ မြန်မြန်ပြီး​အောင် စားလိုက်​တော့သည်။မဟုတ်ရင် ဒီအရူးလိုက်ရှုပ်​နေတာနဲ့ ​ဒေါသထွက်လို့ အသက်တိုမှာ။

"မောင့်လူကြီး​လေး "

စိုင်းစွမ်းထက်ပိုင်က သူ့ဖုန်း​လေးကို ကာရံညီညာမျက်နှာ​ရှေ့ပြသည်။

" ပြန်ဖြတ်စမ်း ​ဟေ့​ကောင်။ "

" မဖြတ်​မှန်းသိမှ ဟန်ကို့ပြီး ငြင်းပြပါပြီ။ မာယာ​တွေ ... မာယာ​တွေ။"

ရယ်ကြဲကြဲနဲ့ ​ပြော​နေတဲ့ စိုင်းစွမ်းထက်ပိုင်​ကြောင့် ကာရံညီညာလည်း ​​တော်​​တော်​ဒေါသထွက်​နေပြီ။ သို့​ပေမယ့် ရန်ဖြစ်တက်တဲ့သူလည်း မဟုတ်တာမို့ ​ဒေါသကို ပြန်မြိုချ​နေရသည်။

First Love , Perfect Love (Completed)Where stories live. Discover now