🍂Extra🍃

15.2K 1.5K 768
                                    

"၁၂နာရီလောက်တော့အရောက်လာစေချင်တယ်
Jungkook အင်တာဗျူးတွေလည်းရှိတော့လေ"

"ရပါတယ် လာမှာပေါ့ စိတ်ချပါ..."

"ဟုတ်ကဲ့...ဟိုလေ Jungkook အမျိုးသားကိုပါ
ခေါ်ခဲ့ပါဦးနော် စုံတွဲလိုက်ပွဲတက်တာလေးကို
ပရိသတ်ကပိုသဘောကျကြလို့..."

"ထားခဲ့လို့လည်းမရပါဘူးဗျာ ခေါ်ခဲ့မှာပါ..."

"ကျေးဇူးပါ ကျွန်တော်တို့စောင့်နေမယ်..."

"ကောင်းပြီ..."

လက်ထပ်ပြီးနှောင်းပိုင်းတွေကတော့မောင်က
သီချင်းပြန်ရေး သီချင်းပြန်ဆိုတဲ့အလုပ်ကို
ဝါသနာရောအိမ်ရဲ့စီးပွါးရေးရပ်တည်မှုတစ်ခု
အနေနဲ့ရောသေချာစွာပြန်လုပ်ခဲ့တယ်။

ရေးလက်စသီိချင်းကိုလက်စသတ်ဖို့ကြိုးစားနေစဉ်
ဂီတဆုပေးပွဲတစ်ခုတက်ဖို့ကလည်းရှိနေသည်
မို့စိတ်သည်အနည်းငယ်လောလာပြီးဗိုက်ကလည်း
ဆာလာသည်။

အိပ်ခန်းတံခါးကိုဖွင့်လိုက်ကာ
မနက်ကိုးနာရီကျော်သည်အထိအိပ်နေဆဲဖြစ်သော
အိပ်ရာထဲကမလှုပ်မယှက်လူလေးဆီလျှောက်
သွားလိုက်ပြီး

"ကလေး ထတော့...မောင့်ကိုမနက်စာလေး
ထပြင်ပေးပါဦး မောင်သီချင်းလေးလက်စသတ်ချင်
လို့..."

တစ်ဖက်ကိုလှည့်သွားခြင်းကြောင့်မောင်သည်
စာရွက်တွေကိုစားပွဲပေါ်ပစ်တင်လိုက်သည်။

"ကလေးရေ...မောင်တို့ ၁၂နာရီကျပွဲတက်စရာ
လည်းရှိတယ် မင်းထပြီးပြင်ဆင်ပေးသင့်တယ်
မထင်ဘူးလား..."

စောင်ကိုခေါင်းအထိဆွဲခြုံကာခန္ဓာကိုယ်လေး
ကိုယ်ပါထပ်ကွေးလျှက်ဟောက်သံတိုးတိုး
လေးကိုပါထပ်လုပ်ကြံလာသည်။

"Jimin ငါအကောင်းနှိုးနေရင် ထလိုက်တော့နော်
အချိန်မရှိတော့ဘူး...."

စောင်ထဲကခန္ဓာကိုယ်လေးကိုဆွဲလှုပ်ခါမောင်ကနှိုး
နေပေမယ့်လှုပ်ရှားမလာခဲ့။မောင်သည်ဤကဲ့သို့
မနက်မျိုးကိုစိတ်ကုန်နေရတာညားပြီးထဲကမို့
ဒေါသသည်ထွက်၍မရိုးနိုင်ခဲ့ပါ။

အက်ကြောင်းကဗျာ🍂Where stories live. Discover now