အပိုင်း(၁၆)

10.6K 1.5K 378
                                    

January လရဲ့နောက်ဆုံးအပတ်လောက်ဖြစ်
လိမ့်မယ်။

"ငါ လက်စွပ်တော့ဝယ်ပြီးသွားပြီ...
ပန်းစည်းတွေ တခြားလိုအပ်မယ်ထင်တာ
တွေ ငါ့ကိုကူညီအကြံပေးဦး ရေချယ့်ကို
လည်းဖမ်းလို့မမိဘူး ခုတလောဘာလုပ်နေတယ်
မသိဘူး...."

Jeonက TaeHyung နဲ့ Yoongi ကိုCoffeeဆိုင်
တစ်ခုတွင်ချိန်းကာ Jiminအားလက်ထပ်ခွင့်
တောင်းမည့်Planကိုစတင်ပြောခဲ့သည်။

"တောင်းတော့မှာလား...ရုတ်တရက်ဆန်လိုက်တာ"

"ဘယ်လိုရုတ်တရက်ရမှာလဲ ငါပြင်ဆင်နေတာ
ကြာလှပေါ့ စိန်လက်စွပ်လှလှလေးရအောင်
လက်ထပ်ပြီးရင်ငွေကြေးအခိုင်အမာရှိအောင်
သူ့အတွက်စီးပွါးရေးတစ်ခုခုထူထောင်ပေးလို့
ရအောင် ငါ့မှာ လုပ်နေရတာ...."

"မင်း ကအရမ်းအောင်မြင်နေပါပြီ
သီချင်းရေးတာရော ဆိုတာရော
ငါတောင် ညက မင်းသီချင်းတွေနားထောင်အိပ်တာ
အဲ့တာတွေအကုန်ဖြစ်လာနိုင်ပြီပေါ့...
Congratulations ပါ.."

Yoongi ရဲ့အားပေးမှုကJeonကအသိအမှတ်
ပြုခေါင်းငြိမ့်ပြုံးပြသည်။တွေးနေသူကTaeHyung။

"Jimin သိလား..."

"မသိဘူး....Suprise လေ...Suprise ဖြစ်ချင်
လို့ကိုငါ့မှာသေချာပြင်ဆင်နေရတာ...
မင်းသွားလျှာမရှည်နဲ့နော်..."

"Jimin က အလုပ်တွေနဲ့ပတ်သတ်ပြီး
မင်းအပေါ်စိတ်ခုနေတာတွေ
အရမ်းများနေတဲ့ပုံပဲJungkook
လက်ထပ်ခွင့်တောင်းတဲ့နေ့
အပြည့်အဝပျော်ရအောင် ခုနောက်ပိုင်း
အလုပ်တွေပါးတယ်ဆိုလည်းသေချာလေး
ပြန်ဂရုစိုက်ဦး...အဲ့တာမှပိုပျော်ရတာပေါ့..."

"သူနားလည်လာပါပြီ အစပိုင်းသာနည်းနည်း
ဂျီတာ ခုနောက်ပိုင်း ငါ့ကိုနားလည်သွားပြီ
အေးဆေးပဲ.....ငါတို့ခုတလောဆို
ရန်တောင်မဖြစ်တော့ဘူး"

"သူနားလည်တယ်ဆိုတိုင်းမင်းရှေ့ကိုပဲ
အတင်းပြေးမနေနဲ့လေ..."

"ကျောင်းသားဘဝတုန်းကလို၂၄နာရီပတ်လုံး
တော့ သဲသဲလှုပ်မနေနိုင်ခဲ့တာတော့ငါဝန်ခံပါတယ်
ငါမင်းတို့လိုမပြည့်စုံတော့ ငါရုန်းကန်ရတဲ့
အပိုင်းတွေရှိတယ် ဒါကလည်းအနာဂါတ်မှာ
၂ယောက်လုံးလူတန်းစေ့နေနိုင်ဖို့ပဲ
သူ့မိဘတွေနဲ့က ငါတို့ယူတာနဲ့ ပွဲကြီးပွဲကောင်း
တွေဖြစ်လာမှာ...ငါ့ကိုငွေနဲ့ကိုင်ပေါက်လာရင်
ငါလည်းပြန်ကိုင်ပေါက်ဖို့ တောင့်တင်းနေရမယ်..."

အက်ကြောင်းကဗျာ🍂Where stories live. Discover now