အပိုင်း(၁၅)

13.4K 1.8K 1.2K
                                    

"ရုပ်ရှင်လက်မှတ်ဖြတ်ပြီးပြီ..."

"မြန်လိုက်တာ ငါခုထိကြည့်ရမလား
မကြည့်ရဘူးလား ဝေခွဲမရတုန်း..."

"သရဲကားမလို့စိတ်ထင့်နေရင်လည်း
ကျွန်တော်ရှိတာပဲကို...."

"ခုနောက်ပိုင်းသရဲကားတွေကတကယ်ကြမ်းတယ်..."

"သူ အဆင်မပြေဘူးဆိုရင် ရတယ်လေ"

"ဘယ်အချိန်လဲ..."

"6:00..."

"အိုကေ.."

"ဒါက ကြည့်မှာလား မကြည့်တာလား"

"အဲ့လောက်တောင်မလည်ဝယ်တော့ဘူးလား"

ရင်တချို့ထပ်ကြာလာတဲ့အခါ
တစ်ဖက်မှာJeonနဲ့အဆင်မပြေမှုတွေအပုံလိုက်
အထပ်လိုက်မြင့်မားလာလေလေ တစ်ဖက်နဲ့
အဆင်ပြေမှုတွေကလည်းမြင့်မားလာလေလေပဲ။
ရက်တွေပဲ့ကြွေလာသည်နှင့်Jiminနဲ့Rioရဲ့
အခြေအနေဟာ အလွန်နီးကပ်လာခဲ့ကြတယ်။

သေသပ်တဲ့Rioရဲ့လှုပ်ရှားမှုတွေကြား
အချိန်တွေထပ်ကြာညောင်းလာတော့Jiminနဲ့
ခုလိုMovie Dateတွေအထိပါ ရင်းနှီးလာကြသည်။

Social Accရဲ့ Chatbox ထဲ စကားအများဆုံး
ပြောတဲ့သူဟာRioဖြစ်နေပြီး မထင်မှတ်သော
ခေါတ်နဲ့အညီ Romatic လေးတွေလည်း
တစ်ချက်တစ်ချက်ထထလုပ်တတ်တဲ့အခါ
Jiminက သဘောတကျအမြဲတမ်းပြုံးခဲ့သည်။

သီချင်းကိစ္စတွေကို Jeonက လုပ်ဖို့လှမ်းလှမ်း
ခေါ်ခဲ့ပေမယ့်Rioဟာအကြောင်းပြချက်မျိုးစုံ
ပြပြီးJiminမသွားခဲ့တော့ပါ။သူဘယ်လိပ်ပြာလုံခဲ့ပါ့။

Jimin နဲ့Rioဟာလူချင်းမတွေ့ရလျှင်
အင်တာနက်မှာ ပြောစရာကုန်အကြောင်းထပ်ရှာ
အချိန်တိုင်းလိုလိုပြောနေကြပြီး အင်တာနက်မှာ
မChatနေတဲ့အချိန်ကျအပြင်မှာတွေ့နေကြပြီ။

လူတွေသိပ်အာရုံမစိုက်မိအောင်ပိပိရိရိ
နေထိုင်ရင်း ၂ယောက်သားမသိမသာသွားလာ
နေကြတာပဲ။အားလုံးကလည်းကိုယ့်ဘဝနဲ့ကိုယ်
ကိုယ်အာရုံတွေနဲ့ကိုယ်မို့ သူတို့ကြားချောင်
ခဲ့ပုံရပါ၏။

Jimin စိတ်ထဲ သူJeonကိုဖြတ်ပြီးပြီ။
စကားအကုန်ပြောခဲ့ပြီးပြီ။သူ့ဟာသူမပြီးတာ
သူ့အပိုင်း ချစ်လို့မပြတ်ပေးတာမဟုတ်
သူပြတ်ချင်လို့ပြတ်ပေးလွှတ်ပေးလိုက်ရတာကို
Jeon ဘက်ကအရှုံးဟုထင်မှတ်ကာ ညစ်ပတ်ပြီး
သပ်သပ်မဲ့ အနိုင်ကျင့်နေတာဟု တွေးချသည်။

အက်ကြောင်းကဗျာ🍂Where stories live. Discover now