အပိုင်း(၁၀)

12.6K 1.6K 390
                                    

"TaeHyung Fighting....."

Romance ဖြစ်သော Coffee ဆိုင်လှလှလေးထဲ
တွင် TaeHyung၏ဆံပင်တွေကို Jiminက
သပ်ရပ်အောင်ပြင်ဆင်ပေးနေပြီး ရေချယ်က
အဝတ်အစားတွေအားသေချာစွာပုံချပေးနေသည်။

"TaeHyung ငါမိတ်ကပ်နည်းနည်းဖို့ပေးမယ်
Glowသယောင်ယောင်လေးဖြစ်သွားအောင်
MinYoongiမြင်တာနဲ့တန်းကြွေဖို့ကအဓိကအချက်ပဲ"

ရေချယ်သည် သူမအိတ်ထဲကပစ္စည်းတွေကို
စားပွဲပေါ်အကုန်သွန်ချတော့ မိန်းကလေးအသုံး
အဆောင်ပစ္စည်းတွေအားလုံးထွက်ကျလာသည်။
မျက်နှာပေါ်ကဝက်ခြံလိုအနာအဆာသေးသေးလေး
တွေတချို့ကို ဖုံးဖိဖို့ရေချယ်က မိတ်ကပ်ဘူးတစ်ဘူး
ကိုကောက်ကိုင်သည်။

"မော့...မျက်လုံးမှိတ်ထား ငါ့ကိုယုံ"

"တအား မလုပ်နဲ့နော် ငါယောကျ်ားလေး.."

"သိတယ်...."

Jimin သည်ဆံပင်တွေအားသပ်ရပ်အောင်လှန်ဖြီး
ပြီးတဲ့နောက် ဒီဇိုင်နာတစ်ယောက်ဟန်ဖြင့်
လိုအပ်တာကိုထပ်ကြည့်နေသည်။

TaeHyungသည်ဘာလုပ်လုပ်
ငြိမ်ငြိမ်လေးခံနေသည်။MinYoongi
ပြန်ကြိုက်ရင်ပြီးရော ဘယ်လိုဖြစ်ဖြစ်Complain
မရှိခဲ့။ရင်တွေလည်းအရမ်းခုန်နေသည်။

"၅နှစ်ကျော်၆နှစ် လိုက်ကြိုက်ခဲ့တာ
ငါချိန်းဆိုမှုပေါင်း ရာချီလုပ်ခဲ့တယ်
အစ်ကိုက ငြင်းခဲ့တာကြီးပဲ...
ဒါက ငါ့ရဲ့တစ်ဖက်သတ်အချစ်သက်တမ်း၆နှစ်
အတွင်း ပထမဆုံး ငါချိန်းတာကိုလာမယ်ပြောတာ
စမ်းကြည့်ကြစမ်းပါ ငါ့ရင်ခုန်သံတွေကို..."

Jimin လက်သေးသေးလေးတွေကိုလှမ်းဆွဲကာ
အင်္ကျီထဲထိုးထည့်တော့ Jiminက မိရာထိရာကို
လိမ်ဆွဲသည်။

"ဟေ့ကောင်!!...ပြတ်ထွက်ကုန်မယ်..."

"သေချာလုပ် တော်ကီပစ်...ကြောက်မနေနဲ့
အကုန်ဖွင့်ချ....ငိုပြစရာရှိငိုပြလိုက်
ကိုယ့်Crushကိုယ့်ကိုပြန်ကြိုက်ဖို့က
သိပ်တွေးနေလို့မရဘူး...မူယာမာယာ
ကမိန်းကလေးတွေပဲလုပ်လို့ရတာမဟုတ်ဘူး
ဆွဲဆောင်ပြလိုက် ဒီလို..."

သူမBodyပါးလျှပ်လျှပ်လေး
ကိုModel တွေလို မသေမသပ်ကော့ညွှတ်ပြကာ
ရေချယ်ရူးလာပြန်တော့ ယောကျ်ားလေး
သူငယ်ချင်းနှစ်ယောက်၏စိတ်ကုန်နေသော
အကြည့်ကိုသာပြိုင်တူရလိုက်သည်။

အက်ကြောင်းကဗျာ🍂Where stories live. Discover now