“ဆံပင်နဲ့ဆို မမြင်ရပါဘူး“

ယုရှင်းရန်က ပြန်ပြောလိုက်သည်။

“နောင်အချိန်တွေမှာ ကတုံး, တုံးခဲ့ရရင်ရော“

“... အဲ့တာဆို အမာရွတ်ရှိရှိ၊ မရှိရှိ ကျွန်တော်က ကြည့်မကောင်းတော့ဘူးလေ“

“…”

စုလုရီတစ်ယောက် စွပ်ပြုတ်တစ်ခွက်ရယ်၊ ကြက်သား ခေါက်ဆွဲတစ်ပွဲရယ် စားလိုက်သည်။ အဲ့တာက သူ သက်သက်လွတ် စားနေရသလိုမျိုး အရမ်းကို အရောင်အဆင်း ကင်းမဲ့နေသည်။ သူ ထမင်းစားနေတာ တစ်ဝက်ရှိတဲ့အချိန် စုထုံကျစ်ပြန်လာခဲ့သည်။ သူက ချက်ချင်းပဲ ခုံကို ဆွဲကာ ထိုင်လိုက်ပြီး မေးလာသည်။

“ပါတီက ဘယ်လိုလဲ၊ ပျော်ခဲ့ရဲ့လား။ သူငယ်ချင်းတွေရော မိတ်ဖွဲ့ခဲ့ရလား“

စုလုရီက တစ်ခုပြီး တစ်ခု ပြန်ဖြေလိုက်သည်။

“အဲ့တာကကောင်းပါတယ်။ ကျွန်တော်လည်းပျော်ခဲ့ရတယ်။ ပြီးတော့ သူငယ်ချင်းအချို့နဲ့လည်း မိတ်ဖွဲ့ခဲ့တယ်“

စုထုံကျစ်က စိတ်ပူနေတုန်းပဲ ဖြစ်သည်။

“သူငယ်ချင်းတွေနဲ့ ခဏခဏ စကား ပြောပေးပြီး အမြဲတွဲနေဖို့ အမှတ်ရနော်“

စုလုရီ မူလပိုင်ရှင်ရဲ့ WeChat က သူ့ဘက်ကပဲပြောထားတဲ့ စကားဝိုင်းတွေအကြောင်း တွေးမိတော့ တိတ်တဆိတ်ပဲ စွပ်ပြုတ် သောက်နေ‌လိုက်သည်။

စားသောက်ပြီးတာနဲ့ သူက အပေါ်တက် ရေချိုးပြီး ဆေးကို နောက်တစ်ကြိမ် လိမ်းလိုက်သည်။ သူက စုချီ ပင်ပန်းနေမှန်း သိတာမို့ သူကို နှောင့်ယှက်ပြီးအကူအညိီ မတောင်းချင်တာကြောင့် သူဘာသာလိမ်းလိုက်သည်။

ဘုသီးလေးကို ခက်ခက်ခဲခဲ ဆေးလိမ်းပြီးတာနဲ့ စုလုရီက အိပ်ရာပေါ်တက်ကာ ဖုန်းဖွင့်လိုက်သည်။

ဖုန်းဖွင့်လိုက်တာနဲ့ WeChat က နိုတီတွေတစ်သီကြီးကျလာတော့သည်။

ဘာတွေ ဖြစ်ကုန်တာလဲဟ။

စုလုရီ တစ်ခုပြီးတစ်ခု ဆွဲကြည့်လိုက်တော့ အဲ့တာက သူ့ သူငယ်ချင်းတွေဆီက ဖြစ်ပြီး request မက်ဆေ့ဂ်ျ ငါးခု၊ ခြောက်ခုလောက်လည်း ရှိသည်။ သူ့ဆီ ပို့တဲ့စာတွေက အရင်ကထက် ပိုခင်တဲ့ပုံ ပေါက်နေသည်။

ဗီလိန်အဖြစ်မွေးဖွားခြင်း (Complete ✅)Where stories live. Discover now