Chapter9(Unicode+Zawgyi)

Start from the beginning
                                    

'ဘာရယ်မဟုတ်ပါဘူးမောင်ရယ်..ဒီတိုင်းသဘောကျလို့....မောင်...'

'ဗျာ...'

'သောက်လို့ကောင်းရဲ့လား...?မောင်ကအချိုမကြိုက်တော့ကျုပ်အငံလေးပိုကဲပေးထားတယ်...'

'အင်း...သောက်ဖူးသမျှဖျော်ရည်တွေထဲမှာအကောင်းဆုံးဘဲ.....'

'ဟီး....'

အကဲပိုပြီးပြောလိုက်တော့လဲထိုတောသားလေးကသွားကလေးတွေပေါ်အောင်ကိုရယ်ပြလေရဲ့....

နောက်တော့ရှက်ကိုးရှက်ကန်းလေးလည်ပင်းလေးတစ်ကုတ်ကုတ်နဲ့ရယ်စစလေးပြောပြန်ပါရော...

'မောင်ကတော့နောက်ပြီ....အဟင်း....'

'မနေတတ်တော့ဘူးလားအဝေး...'

'အဲ...ကျုပ်..မောင်အဲ့လိုပြောလိုက်တော့ဟောဒီ့နေရာကအရမ်းကြီးခုန်သွားလို့....'

'ဟောဗျာ....အဟားဟား.....'

'မောင်ကလဲ..ကျုပ်ကိုမရယ်ပါနဲ့...'

'အဟားဟား...အဲလိုပြောလေပိုရယ်ချင်လေဘဲအဝေးရေ..ဘယ်လိုလုပ်ကြမလဲ..?'

'ဘယ်လိုမှလုပ်မနေနဲ့တော့မောင်....လာ....အမောပြေပြီဆိုရေချိုးလှည့်ဦး...အဝေးဒီနေ့မောင်ကြိုက်တဲ့ချဉ်ပေါက်ကြော်လေးနဲ့ကြက်သားကာလသားချက်ကလေးချက်ပေးထားတယ်.....နောက်ပြီးမောင့်မေမေကပုန်းရည်ကြီးလေးစားချင်တယ်ဆိုလို့ပုန်းရည်ကြီးလေးလဲသုပ်ထားတယ်မောင်ရဲ့....'

'အွန်း..ဒီနေ့ တော့စားကောင်းမဲ့ပုံဘဲအဝေးရေ...မောင်ကတော့ခုထဲကကိုသွားရည်ကျနေပြီ...'

'သွားရည်ကျရအောင်မောင်ကခွေးမှမဟုတ်ဘဲ...ဖွ..ဖွ..ဘာတွေပါးစပ်ကလျှောက်ပြောနေတာလဲ...'

'ဒီတိုင်းစကားအဖြစ်ပြောတာပါကွာ...'

'ဟင်း...ထားတော့...ရေသွားချိုးတော့မောင်...'

'အိုကေပါဗျာ...'

'အာ...နေဦး...မောင်...ခဏ...ရေမချိုးခင်..ရေအေးလေးနည်းနည်းလောက်သောက်ဦး..ဖြေးဖြေးချင်းသောက်နော်..၃မိနစ်လောက်နေမှရေချိုးခန်းထဲဝင်..ကျုပ်မောင့်အတွက်ရေနွေးကြိုပေးထားတာသွားစပ်လိုက်ဦးမယ်.....'

Love  or hateWhere stories live. Discover now