Chapter 8(Unicode +Zawgyi)

Start from the beginning
                                    

အဝေးသေမတတ်ခံစားနေရလဲမောင်ပျော်နေရင်ပြီးတာမို့...ကျေကျေနပ်နပ်ကြီးဘဲရင်ကါဲခံလိုက်ပါတယ်မောင်......

'ဟေး.....'

..............

'ဟေး..အဝေး.....!!'

နားနားကပ်ကာအော်လိုက်တော့မှလန့်ရတဲ့ကျုပ်အဖြစ်..

'အမလေး...ဘုရား......'

'ခုမှဘုရားတနေတယ်.....ခေါ်နေတာဖြင့်ကြာလှပြီ...ဟင်း....'

မျက်မှောင်ကလေးကျုံ့ကာမှင်သေသေနဲ့ပြောနေတဲ့မောင့်မျက်နှာကြောင့်အဝေးအလျှင်အမြန်ပင်မိမိ၏လက်တို့အားမောင့်မျက်နှာပေါ်အလုပ်ပေးမိသည်....

'အဝေး...မင်းဘာလုပ်နေတာလဲ...?'

'မောင့်ရဲ့မျက်ခုံးတန်းတွေကိုပြန်ဖြောင့်ပေးနေတာလေ.....ပြီးတော့သက်ပြင်းတွေခဏခဏမချပါနဲ့လား...'

'ဘာလို့လဲ...?'

'အမကပြောတယ်...သက်ပြင်းတစ်ခေါက်ချရင်အသက်တစ်ရက်တိုတယ်တဲ့..မောင့်ကိုအသက်အရှည်ကြီးနေစေချင်တယ်မောင်...ဖြစ်နိုင်ရဲ့မောင့်အတွက်အဝေးအသက်တွေတောင်ပေးချင်မိတယ်..'

'ဟမ်...'

'အာ..ဟို...ဘာမှမဟုတ်ပါဘူး.....မောင်..စီတ်မဆိုးနဲ့နော်..အဝေးကတခြားသဘောနဲ့ပြောတာမဟုတ်ပါဘူး..အဝေးက....'

'ထားတော့...ကျွန်တော်လဲစိတ်ထဲမထားတာမို့......'

'အင်း...ဒါနဲ့စောစောကမောင်ဘာပြောမလို့လဲဟင်....?'

'မင်းမပျင်းဘူးလားအဝေး....?'

'ဟင့်အင်း...မောင့်အရိပ်အောက်မှာနေရတာနဲ့တင်အဝေးရောင့်ရဲတင်းတိမ်တတ်ပါတယ်မောင်...'

'ဟူး...တကယ်ပါ...ခုဆိုမင်းစကားပြောရင်ကျွန်တော်ဘာကိုမှနားမလည်တော့ဘူး...'

'မောင်သာကျုပ်ရင်ထဲမြင်အောင်ကြည့်လေ...ကျုပ်ပြောတဲ့စကားလုံးတစ်လုံးချင်းစီကိုမောင်သေချာပေါက်အဓိပ္ပာယ်ဖွင့်နိုင်လိမ့်မယ်ထင်ပါ့...'

'ထားတော့.....ထားတော့..ဒဲ့ဘဲပြောတော့မယ်ဗျာ....'

'ဟုတ်..ပြောပါမောင်....'

Love  or hateWhere stories live. Discover now