ရလာဒ်က သူမျှော်လင့်ထားသလို အမှားမရှိသလောက်ပင်။

လုပ်ကြံသူကိုဖမ်းမိပြီးနောက် ချင်ရှောင်းထိုသူအား‌နှိပ်စက်မေးမြန်းရန် စစ်ဘက်သုံးနှိပ်စက်သည့်အခန်းကို တစ်ကိုယ်တည်းသွားလိုက်၏။ နှိပ်စက်သည့်ကရိယာတစ်ခုမှမသုံးပဲ ချင်ရှောင်းကလုပ်ကြံသူနှင့် စိတ်ပိုင်းဆိုင်ရာဂိမ်းကိုသာ ကစားခဲ့လေသည်။

သူကလုပ်ကြံသူကို : "ကျုပ်ဘာကြောင့်မသေတာလဲဆိုတာကို ခင်များအံ့ဩနေတာလား?"

"ဘာကြောင့်လဲဆို ခင်များကျုပ်ကို လုပ်ကြံမယ်ဆိုတာ ကျုပ်နှစ်ရက်ကြိုသိထားတယ်လေ"

"အချိန်ရော နေရာအတိအကျကိုရော...."

"လုပ်ကြံမယ့်သူက ခင်များလို့အတိအကျမသိပေမဲ့လည်း တစ်ယောက်ယောက်လာမယ်‌ဆိုတာတော့ ကျုပ်သိထားတယ်"

"ကျုပ်တို့လုပ်တွေကို ပတ်ပတ်လည်မှာတပ်ဖြန့်ထားတယ်၊ ရှင်းရှင်းလင်းလင်းပြောရရင် ခင်များထွက်လာတာနဲ့ ခင်များကိုရှာတွေ့ပြီးသားပဲ"

"ဒါပေမဲ့ ကျုပ်ခင်များကိုချက်ချင်းကြီးမတားဆီးလိုက်တာက တစ်ချို့လူတွေကို ခင်များကကျုပ်ကိုတကယ်သတ်လိုက်တယ်လို့ ထင်စေချင်လို့လေ"

ချင်ရှောင်းရဲ့စကားတိုင်းက လုပ်ကြံသူကိုထိတ်လန့်စေ၏။

သူ့ရဲ့မျက်နှာကမဲပြာလာပြီး သူပြောတာတွေကို ခက်ခက်ခဲခဲယုံကြည်နေရသည်။ လုပ်ကြံသူရဲ့ မျက်နှာကြွက်သားတွေက တောင့်တင်းနေပြီး သူ့အောက်နှုတ်ခမ်းကအနည်းငယ်တုန်ယင်နေတာကို မြင်နိုင်ပေသည်။

သူကသူ့အသံကိုတည်ငြိမ်အောင် ကြိုးစားလိုက်ပေမယ့်လည်း အဆုံးမှာတော့တုန်ယင်မှုက သူ့ကိုသစ္စာဖောက်သွားခဲ့၏။

"မင်း.....မင်းဘယ်လိုသိတာလဲ၊ ဘယ်သူမင်းကိုပြောပြတာလဲ?"

သေချာတာပေါ့၊ သူကလုပ်ကြံသူကိုလှည့်စားနေတာကြောင့် အဲ့တာဘယ်သူလဲဆိုတာ ချင်ရှောင်းဘယ်လိုလုပ်ပြောပြမှာလဲ၊။

တကယ်လို့ ထိုသူသာလုံလောက်အောင်တည်ငိ့မ်နေတဲ့သူဆိုရင် ချင်ရှောင်းရဲ့စကားတွေထဲကဟာကွက်တွေကို ရှာတွေ့နိုင်ပေလိမ့်မည်။

The Villain Dressed As a Little MermaidWhere stories live. Discover now