ဆရာကြီးလေသံဖြင့် Driver seatမှ လှမ်းပြောသည့် ရိပေါ်စကားကို ခလေးနှစ်ယောက်က ပြုံးကာ ခေါင်းငြိမ့်ပြကြပေမဲ့ ၀မ်ရိလင်းကတော့ သူစကားပြောနေတုန်း ဖြတ်ပြောခံလိုက်ရတာမို့  ရိပေါ်ကို မျက်စောင်ထိုးနေ၏။

ကျန်းချန်က အရင်ဆုံး Driver seatနောက်ဘက်ရှိ seatတွင် ၀င်ထိုင်ကာ လုံခြုံရေးခါးပတ်ပတ်နေတော့ ရိပေါ်က နှာခေါင်းအား တွန့်လိမ်နေအောင် ရှုံ့ပါ၏။

"အဲ့တာဘယ်ကိုတက်မလို့လဲ..."

"ဗျာ..."

ကားနောက်ခန်းတွင် ကျန်းချန်နှင့်အတူ ထိုင်ရန် နောက်ခန်းကားတံခါးကို ဆွဲဖွင့်သည့်အချိန် ပြောလာသည့် ကိုကိုလေး၏ အမေးအား ရှောင်းကျန့် ဘယ်လိုဖြေရမှန်းမသိ။

ကျောင်းသွားဖို့ ကားပေါ်မတက်လို့ သူက ခြေလျင်လျှောက်သွားရမှာလားဟင်။

ဒေါသထွက်နေသည့်မျက်နှာနှင့် ပြုံးနေသည့် ရိပေါ်က Love Seatအား ဘုန်းခနဲ နှစ်ချက်ထုရင်း

"ခါတိုင်းနေ့တွေတုန်းက ကျောင်းသွားရင် ဘယ်နေရာမှာထိုင်သလဲ?"

"အဟီး...မေ့လို့"

ကျောပိုးအိတ်လေးပိုက်ကာ ကားရှေ့ခုံသို့ ပြန်ထိုင်မှ အရောင်လျော့သွားသော ရိပေါ်မျက်နှာကို ရှောင်းကျန့် တစ်လမ်းလုံး ခိုးခိုးငေးနေ၏။

"၀မ်ကော..."

"ဘာလဲ"

ကြည့်ကြည့်။ကျန်းချန်ခေါ်တာကျတော့ ပြန်ထူးတဲ့လေသံက စိတ်မရှည်သလိုလို။

ရှောင်းကျန့်သာ 'ကိုကိုလေး' ဟုခေါ်လိုက်လျှင်ဖြင့် 'ပြောလေ အားကျန့်..' တဲ့။

အေးပေါ့၊ သူ့မွေးစားသားဆိုတော့လဲ ကျန်းချန်ထက် ပိုဂရုစိုက်မှာပေါ့။

"အန်ကယ်က ပြောထားတယ်
ကျောင်းသုံးပစ္စည်းတွေ လိုအပ်တာအကုန် ၀မ်ကော ၀ယ်ပေးမှာတဲ့.."

ကားခေါင်းပိုင်းရှိ မှန်မှတစ်ဆင့် မြင်နေရသော ၀မ်ကောရဲ့မျက်နှာက ရှောင်းကျန့်ကိုပဲ လစ်ရင်လစ်သလို ကြည့်နေတတ်တာ ကျန်းချန် ရိပ်မိပါ၏။ဩ

"အော်...အင်း
အားကျန့်..."

"ဗျာ"

"ကိုယ့် ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းထုတ်ပေးပါအုံး.."

Dear Medical Student[Completed]Tempat cerita menjadi hidup. Temukan sekarang