Ep.18. The OMEGA who is desired by the ALPHA

684 81 5
                                    

​Disclaimer: Some scenes may not be appropriate for those under 16 (or IDK. It's not that bad but read at your own risk)

"မင်းအဲ့ဒီ့ဖုန်းကိုလက်ကမချ​တော့ဘူးလား Han Jisung"

​ဒေါနှင့်​မောနှင့် ​လေသံမာမာ​အော်လိုက်​သော အသံ​ကြောင့် အာရုံနစ်​မျော​နေခဲ့​သော Jisung မှာ ခန္ဓါကိုယ်​ငယ်​လေးပင် တုန်တက်သွားရသည်။

"ဘာလို့​အော်​နေတာလဲ"

"စိတ်တိုလို့​ပေါ့"

ဆူပုတ်​​နေ​​သော Minho ၏မျက်နှာကိုမြင်ကာမှ Jisung လည်း လက်ရှိအ​နေအထားကိုပြန်ကြည့်မိ​တော့သည်။ ​ရှေ့တွင်ဖွင့်ထား​သော ရုပ်ရှင်ကားမှာပြီးဆုံးသွား၍ အဆုံးသတ်စာတန်းပင်ထိုး​နေပြီဖြစ်ပြီး Minho လက်ထဲမှ ​ပေါက်​ပေါက်ဆုပ်ဘူးဟာလည်း စိတ်တိုတိုနှင့်သည်းကြီးမည်းကြီးစားထားခံရပုံရ၍ ​ပြောင်သလင်းခါ​နေသည်။

Minho ​ဒေါသထွက်မည်ဆိုလည်းထွက်သင့်သည်။ သောကြာ​နေ့ညဖြစ်သည်​ကြောင့် ညဘက် ရုပ်ရှင်အတူကြည့်ကြရ​အောင်ဟု သူကိုယ်တိုင်စတင်အဆိုပြုခဲ့ပြီးမှ ရုပ်ရှင်ကိုအာရုံလည်းမရ၊ Minho ကိုလည်းစကားတစ်ခွန်းမှမဆိုဘဲ ဖုန်းကိုသာ အသည်းအသန်ကြည့်​နေခဲ့မိ​လေ၏။

ပြဿနာမှာ TV ​ရှေ့တွင် အသီးသီး​နေရာယူလိုက်ကြပြီးချိန်တွင်စသည်။ ရုပ်ရှင်၏ ဇာတ်ကွက်မှာ Omega တစ်​ယောက်၏ နှင်းဆီပွင့်ဖက်ရနံ့ pheromone ကို မ​​တော်တဆ​ရှူရှိုက်မိရာက စွဲလမ်းကာ ချစ်ကျွမ်းဝင်ခဲ့​သော Alpha တစ်​ယောက်၏အ​ကြောင်းအရာကိုရိုက်ကူးထား​သော ရုပ်ရှင်ကားဖြစ်​လေ၏။ ထိုအ​ကြောင်းအရာနှင့်ဆက်စပ်မိကာမှ Jisung ၏​ခေါင်းထဲတွင် အ​တွေးစ​ပေါင်း ​​သောင်း​ခြောက်​ထောင်စီးနင်းဝင်​ရောက်လာ​တော့သည်။

Minho မှာ ချိုအီအီရနံ့များကိုနှစ်သက်​လေ့မရှိသူဖြစ်​ကြောင်းသူသိထားသည်။ သူ၏ pheromone ရနံ့မှာ ငှက်​ပျောသီး​မွှေးရနံ့ဖြစ်ပြီး က​လေးဆန်လွန်း၏။ ထိုရနံ့​ကြောင့် Minho စိတ်အ​နှောင့်အယှက်ဖြစ်ရလျှင် မည်သို့​ဖြေရှင်းရမည်နည်း။ တစ်သက်နှင့်တစ်ကိုယ် တစ်ကြိမ်တစ်ခါမှမခံစားခဲ့ရဖူးပါ​သော မိမိ၏ pheromone ရနံ့နှင့်ပတ်သက်၍ စိတ်မလုံခြုံမှုကို Jisung စတင်ခံစားရပါ​တော့သည်။

NON-BETA || MinSung FF ||Où les histoires vivent. Découvrez maintenant