Ep.20. The ALPHA who runs away from the OMEGA

580 78 3
                                    

"ဒါဆို ကျွန်​တော်နဲ့စကားခဏ​ပြောမလား။ အ​ရေးကြီးကိစ္စမဟုတ်​ပေမဲ့ မနက်ထိကျွန်​တော်မ​စောင့်ချင်​တော့လို့ပါ"

Minho ​ခေါင်းငြိမ့်လိုက်၍ အိမ်ထဲသို့ဝင်ရန်ဦး​ဆောင်လိုက်သည်။

မည်သို့ပင် အ​ရေးကြီးကိစ္စမဟုတ်ဟုဆို​စေ၊ Jisung ၏မျက်နှာထားနှင့် ​လေထုအ​ခြေအ​နေမှာ ပုံမှန်အတိုင်းပါပဲဟုဆိုရ​လောက်သည့် အ​နေအထားမဟုတ်တာ​ကြောင့် Minho အ​ပေါ်ထပ်အင်္ကျီကိုခပ်သွက်သွက်ချွတ်ကာ အိမ်​ရှေ့ခန်းဆိုဖာတွင် Jisung နှင့်အတူဝင်ထိုင်လိုက်သည်။

ညသန်း​ခေါင်အချိန်ဖြစ်ရကား အိမ်အနီးအနားပတ်ဝန်းကျင်မှာလည်းတိတ်ဆိတ်​နေ​​ချေပြီ။ ပုစဥ်းအချို့အော်မြည်​နေသံနှင့် နာရီလက်တံ​ရွေ့လျားသံတချပ်ချပ်မှလွဲလျှင် Jisung ၏အသက်ရှူသံတိုးလျလျကိုသာ ကြား​နေရသည်။ ထိုသို့တိတ်ဆိတ်ငြိမ်သက်မှု၏ကျယ်​လောင်​သောအသံက Minho ကိုအ​ကြောင်းရင်းမဲ့စွာ စိတ်​လောလာ​စေပါ၏။

"​ပြော​လေ Jisung။ ကိုယ့်ကို​ဘာ​ပြောစရာရှိလို့လဲ"

စကားတစ်ခွန်းမှမဆိုဘဲ သူ၏ကိုယ်ပိုင် လက် ၂ ဖက်ကိုသာ ပထမဆုံးအကြိမ်​တွေ့ဖူးသကဲ့သို့ အထူးအဆန်းသဖွယ် စိုက်ကြည့်​နေသည့် Jisung ကို ​ဆော်ဩလိုက်​တော့ ​ဖျော့​တော့​တော့ပြုံးကာ သူ့ဘက်လှည့်လာသည်။

"​ကော်ဖီ​သောက်မလား။ ကျွန်​တော်​ဖျော်​ပေးရမလား"

"​အိပ်ခါနီး​ကော်ဖီ​သောက်လို့ဘယ်ဖြစ်မလဲ အချစ်ရဲ့"

"ဟုတ်သား။ ကျွန်​တော်လည်း အူ​ကြောင်​ကြောင်နဲ့။ ဒါဆို ကျွန်​တော် နွားနို့ဝယ်​ထားတာရှိတယ်။ ​ရေခဲ​သေတ္တာထဲကထုတ်ပြီး ​​နွှေး​ပေးမယ်​လေ"

​နေရာမှထသွားရန်ပြင်​နေသူကို လက်​ကောက်ဝတ်မှဆွဲကိုင်၍ တားလိုက်ကာ ​နေရာတွင်ပင်ပြန်ထိုင်​စေလိုက်သည်။ ပုခုံးကိုသိုင်းဖက်လိုက်ပြန်​တော့ သူ၏ရင်ခွင်ထဲအလိုက်သင့်မှီခိုရင်း သက်မဖွဖွရှိုက်၏။

"Ji.. ကိုယ်မင်းကိုချစ်တာသိတယ်မဟုတ်လား"

သိုင်းဖက်ထားသည့်လက် ၂ ဖက်ကို ခပ်သာသာအုပ်ကိုင်လာရင်း သူ့အ​မေးကို ​ခေါင်းငြိမ့်အ​ဖြေ​ပေးသည်။

NON-BETA || MinSung FF ||Where stories live. Discover now