Ep 2. The OMEGA who hits on the BETA

690 99 3
                                    

"နာမည်က Lee Minho၊ မွေးသက္ကရာဇ်က ၂၅ ရက် ၁၀ လ ၁၉၉၈၊ ​ကျောင်းဝင်အမှတ်က 03B-149၊ ​​မေဂျာက စီးပွား​​ရေးစီမံခန့်ခွဲမှု၊ ​နေရပ်လိပ်စာက အမှတ် 325၊ H လမ်း၊ Daegu မြို့။ ဒါပဲ။ ဒါ​ကျောင်းသားကတ်မှာပါသမျှ၊ ငါတို့စုံစမ်းလို့ရသမျှ အချက်အလက်အကုန်ပဲ။"

သူအတင်းအကြပ်စုံစမ်း​စေ၍ စုံစမ်းထား​သော အချက်အလက်များကို Jeongin ရွတ်ပြပြီး​နောက် Jisung သက်ပြင်းတစ်ချက်သာ စိတ်လွတ်လက်လွတ်ချလိုက်မိသည်။ ထိုအချက်အလက်များမှာ သူကိုယ်တိုင်စုံစမ်းသိရှိထား​သော အရာများထက် တစ်ချက်တစ်​လေ​တောင်မပို။

"ဟိုရက်ပိုင်းက​ဖေ​ဖေ့ဆီကကြားလိုက်တာပဲ။ ဒုစရိုက်မှု​တွေ​လျှော့ချဖို့ စစ်​ဆေး​ရေးအဖွဲ့အစည်းတစ်ခုဖွဲ့လိုက်တယ်တဲ့။ မင်းရဲ့လူက အဲ့အဖွဲ့ထဲကများလား။ အသွင်​ပြောင်းပြီး လာစုံစမ်းတဲ့စုံ​ထောက်​တွေဘာ​တွေ​လေ။ ​​မြေကြီးထဲကဘွားခနဲထွက်လာတယ်လို့ထင်ရ​လောက်​အောင်ကို ဘာမှစုံစမ်းမရဘူးကွ"

ထင်ရာမြင်ရာ​လျှောက်​ပြော​နေသည့် Seungmin ကိုမျက်​စောင်းတစ်ချက်ထိုးကာ ​ခေါင်းသာတခါခါပြု​နေမိသည်။ စစ်​ဆေး​ရေးအဖွဲ့ ဘာညာသရကာအဖွဲ့ စ​သောအစိုးရအဖွဲ့များဆိုသည်မှာ ဟန်ပြသက်သက်မှန်း ​ခွေး​လေ​ခွေးလွင့်များပင်သိလိမ့်မည်။ လျှို့ဝှက်​စုံ​ထောက်​စေလွှတ်ရန်အထိ အားစိုက်တတ်သည်ရှိ​သော် Choi မိသားစုပျက်စီး၍ အ​ဖေဖြစ်သူစီးပွား​ရေးပျက်သုဥ်းသွားသည်မှာကြာလှရန်​ကောဟုလည်း Jisung စိတ်ထဲမှ​ရေရွတ်လိုက်မိ၏။

"​ဟေ့​ကောင် ဘယ်သွားမလို့လဲ"

ငူငူငိုင်ငိုင်ထိုင်​နေရာမှ လွယ်အိတ်ကို​ကောက်ကိုင်ကာ ထထွက်လာရန်ပြင်​တော့ Seungmin ကလှမ်း​မေးသည်။

"ထိုင်စုံစမ်း​နေ​တော့​ရော ဘာထပ်ထူးမှာမို့လို့လဲ။ ကိုယ်တိုင်လှုပ်ရှားမှဖြစ်​တော့မှာ​ပေါ့။"

"အဲ့ဒီ့စီနီယာဆီသွားမလို့လား.."

"အတန်းဆင်းရင် ငါ့ကို​စောင့်မ​နေနဲ့။ ကန်တင်းသွားနှင့်ကြ"

သူငယ်ချင်းများမှ တားမြစ်သည့်စကားတစ်စုံတစ်ရာမဆိုနိုင်ခင်မှာပင် ခပ်သွက်သွက်ထွက်ခွာသွား​သော Jisung ​ကြောင့် Seungmin နှင့် Jeongin မှာလည်း "ဒီ​ကောင်​တော့ ​ဆေးမမှီ​တော့ဘူး" ဆိုသည်အပြင် ထပ်မ​ပြောနိုင်​တော့​​ချေ။

NON-BETA || MinSung FF ||जहाँ कहानियाँ रहती हैं। अभी खोजें