Ep 12. The ALPHA who gets jealous of the OMEGA

644 88 8
                                    

"ပြန်​ရောက်ပြီလား"

ထိုအ​မေးမှာ အိမ်ထဲဝင်လာသူကို နဂိုမူလကရှိ​နေသူက ​မေး​လေ့​မေးထရှိ​သော အ​​မေးစကားဖြစ်​သည်။ သို့သော်ငြား ယခုမူ အိမ်ထဲသို့ဝင်လာ​သော Jisung က နဂိုမူလကပင် အိမ်​ရှေ့ခန်းတွင် ​ခြေချိတ်ထိုင်ကာ Laptop ဖွင့်သုံး​လျက်ရှိနေ​သော Minho ကို​မေးလိုက်ခြင်းဖြစ်၏။

အ​မေးခံရသူမှာကား အင်းမလုပ်အဲမလုပ် ​ခေါင်းပင်မငြိမ့်ပြသည်​ကြောင့် Jisung လည်း​ကြောင်အအဖြစ်သွားရကာ အလုပ်ထဲအာရုံ​ရောက်​နေခြင်း​ကြောင့်ဖြစ်မည်ဟု ​တွေးလိုက်ရသည်။

လွန်ခဲ့​သော ၂ ရက်ခန့်က အလုပ်ကိစ္စ​ကြောင့် Lee အိမ်​တော်သို့ပြန်ရမည်ဟု Jisung ကို အလုပ်သမားတစ်ဦးမှတစ်ဆင့်ခံ အသိ​ပေးခဲ့ကာ ရုတ်တရက်ထွက်ခွာသွားခြင်းဖြစ်သည်။ ယ​နေ့လည်း အိမ်ပြန်လာမည်ကိုအသိမ​ပေးပါဘဲ Jisung ​ကျောင်းမှပြန်​ရောက်ချိန်တွင် ရုတ်တရက်​​တွေ့လိုက်ရခြင်း။

Minho ကို​​ကျော်ပြီး မီးဖိုခန်း​သို့​လျှောက်သွား၍ ရေခဲ​သေတ္တာတွင်းမှ အ​အေးတစ်ဘူးကိုဖွင့်​ဖောက်​သောက်ရင်း သူ့အနီးသို့ပြန်​ရောက်လာကာ အသံတိတ်ဝင်ထိုင်လိုက်သည်။ ထိုအခါမှ Minho ၏အာရုံဟာ Jisung ထံသို့​ရောက်လာသည်ဟုထင်ရသည်။ Laptop ကိုဆတ်ခနဲပိတ်ချ၍ Jisung ဆီ ခပ်သွက်သွက်ထ​လျှောက်လာကာ သူ၏နဖူးကိုလက်ဖြင့်စမ်းကြည့်လာ၏။

"အားနည်း​နေ​သေးလား"

၂ ရက်ခန့်အတူရှိမ​နေရခြင်း​ကြောင့် ခန္ဓါကိုယ်မူမမှန်ခြင်းမျိုးရှိလိမ့်မည်လားဟု စိုးရိမ်​ကြောင့်ကြသည်ထင်။ ပြတ်သား​​​သော​လေသံဖြင့် စူးစမ်းလာ​တော့ Jisung အူတူတူနှင့်ပင် ​​ခေါင်းခါပြရသည်။

သူသိလို​သောအရာကို သိရပြီးချိန်တွင်​တော့ Jisung ကိုဆက်ဂရုစိုက်မ​နေ​တော့ဘဲ ဆိုဖာခုံ​ပေါ် မူလ​နေရာတွင်ပင် ပြန်ထိုင်ကာ စားပွဲခုံပု​​လေးထက်အသင့်တင်ထား​သော စာအုပ်တစ်အုပ်ကိုဖွင့်ဖတ်သည်။

အမူအရာမှာ ပုံမှန်ဟုထင်ရ​သော်ငြား ​လေထုမှာ​တော့ ပုံမှန်ဟုတ်မ​နေ​ကြောင်း Jisung ခံစားမိ၏။ အခြားအ​ကြောင်းရင်းကို ​တွေးဆမရခြင်း​ကြောင့် အလုပ်ပင်ပန်းခြင်းမှာအ​ကြောင်းရင်းဖြစ်လိမ့်မည်ဟုပင် ယူဆချက်ချလိုက်ကာ Minho ရွှင်လန်းလာ​​အောင်ပြုလုပ်နိုင်မည့်အရာကို စဥ်းစားကြည့်သည်။

NON-BETA || MinSung FF ||Where stories live. Discover now