Ep.10 The ALPHA who discovered his feelings for the OMEGA

736 96 27
                                    

"ကိုယ်တို့မိသားစုမှာ Omega ​တွေက အိမ်တွင်းအရှင်သခင်​တွေပဲ"

ထိုစကားကိုကြားရစမှာ​တော့ Jisung အမှုမဲ့အမှတ်မဲ့ထားခဲ့မိ​သော်ငြား အဘယ်အ​ကြောင်း​ကြောင့်ရယ်မသိ ရက်အတန်ကြာချိန်တွင် ​နောက်တစ်ကြိမ်ပြန်​ကြား​ယောင်လာမိသည်။ ဦး​နှောက်ထဲပဲ့တင်ထပ်​နေသကဲ့သို့ ကြား​ယောင်ဖန်များလာ​သောအခါ ထိုစကား၏အနက်ကို မရည်ရွယ်ပါဘဲ ​တွေး​တောမိလာသည်။

Minho ဆိုသည့်အတိုင်း Omega ​တွေဟာ အရှင်သခင်အဖြစ်တင်​မြှောက်ခံရသည်မှာ ဖြစ်ရိုးထုံးစံရှိပါရဲ့လား။ သူသိထား​သော Alpha တို့၏ သ​ဘောသဘာဝမှာ ထိုကဲ့သို့နှိမ့်ချတတ်သူများမဟုတ်။ Alpha တစ်ဦး၏တွဲဖက် Omega မှာ ထို Alpha အတွက်အသုံးချခံသပ်သပ်သာဖြစ်သည်ဟု သူ့ဦး​နှောက်ထဲစွဲမြဲ​နေခဲ့သည်။ ယခုထိတိုင်လည်း ထိုအ​တွေးမှာမှန်ကန်သည်ဟု လက်ခံထားဆဲ။

အလိုမရှိ​​တော့​သောအခါ ပစ်ပယ်ခံရလိမ့်မည်ဟူ​သော ယုံကြည်မှုက သူ့ထံစွဲကပ်​နေသည်။ ထင်ရှား​​သော သက်​သေသာဓကသည်လည်း သူ့မှတ်ဥာဏ်ထဲ နုတ်မရ​သော သံမှိုပမာစွဲ​နေ​လေ၏။

သို့ဆိုလျှင် Minho မှာ အဘယ်သို့​သော alpha တစ်​ယောက်ဖြစ်လိမ့်မည်နည်း။ သူ၏တွဲဖက် Omega ကို ခံစားချက်​နောက်လိုက်ကာ အရှင်သခင်အဖြစ်တင်​မြှောက်ပါလိမ့်မည်​​လော။ သို့တည်းမဟုတ် သူယုံကြည်ထားသည့်အတိုင်း လိုအပ်ချိန်တွင်သာ ကပ်တွယ်ထား၍ မလိုအပ်​တော့ချိန်တွင် ပစ်ပယ်ကာ အသက်ပင်နုတ်ယူရန်ဝန်မ​လေးတတ်သည့် သာမန် Alpha တစ်​ယောက်ဖြစ်လိမ့်မည်​​လော။

"​ဟေ့​ကောင်"

​ကျောင်း​ကော်ရစ်ဒါတွင် တိုင်နံရံတစ်ခုအားမှီထိုင်ရင်း အ​တွေးပင်လယ်ထဲ လက်ပစ်ကူး​နေ​လေသည့် Jisung မှာ ခြုံခိုတိုက်ခိုက်ခံရသည်။ ဘယ်ဘက်နားအနီးသို့ကပ်၍ ခပ်ကျယ်ကျယ်တီးလိုက်​သော လက်ခုပ်သံနှင့် အသံမြင့်မြင့်​အော်သံ​ကြောင့် ထိတ်လန့်သွားခြင်းကို ရင်ဘတ်​ပေါ်လက်ဖိရင်း ထိန်းချုပ်လိုက်ရသည်။

"မင်းအ​ဖေမို့လို့ လာ​အော်​နေတာလား Yang Jeongin"

"မင်းဖာသာမင်း Lee Minho အ​ကြောင်း ​အ​တွေး​​တွေများပြီး ​လောကနဲ့အဆက်အသွယ်ပြတ်​နေလို့ လန့်တာပဲကို"

NON-BETA || MinSung FF ||Where stories live. Discover now