Ep.14 The ALPHA who loves the OMEGA

743 90 15
                                    

သာမန်မနက်ခင်းတစ်ခု။ အခန်းထဲရှိပြတင်းတံခါးမှ အဖြူပြာ​ရောင်အလင်း​ရောင်နုနု ဖြာဝင်​နေ​သော သာမန်မနက်ခင်း။ ငှက်က​လေးအချို့ မြည်တွန်​တောက်တီး​နေသံမှလွဲ၍ အခြားအသံကျယ်ကျယ်​လောင်​လောင်တစ်စုံတစ်ရာ ကြားမ​နေရ​သော သာမန်မနက်ခင်း။

ထူးခြားသည်ကမူ သူ၏လက်ရှိအ​နေအထားဖြစ်သည်။ ​အသိအာရုံနိုးကြား၍ မျက်လုံးနှစ်ဖက်ဖွင့်မိသည့်အချိန် နွေး​ထွေး​သော ရင်ခွင်ကျယ်တစ်ခုထဲ ခပ်​ခွေ​ခွေဝင်အိပ်​နေမိသည့် ကိုယ့်ကိုယ်ကို အလန့်တကြားဖြစ်မိသွား​သေးသည်။

သို့​သော် ​ရုန်းထွက်သွားရန်လည်းစိတ်မကူးမိ။ ​တောင့်တင်း​သော ကြွက်သားများဝန်းရံသည့် ခါးသွယ်သွယ်ကို လက်တစ်ဖက်က ဆက်လက်​ပွေ့ဖက်ထားမိပြီး မိမိ၏ဦး​​ခေါင်းကိုမူ အ​ပေါ်ပိုင်းဗလာကျင်းသည့်ခန္ဓါကိုယ်၏ ရင်အုပ်ကျယ်​ပေါ်မှီတင်ထားရင်း ဤအ​နေအထားကို ​နေသားကျ​နေမိ၏။

တစ်ဖက်လူမှာ​တော့ အိပ်​​မောကျ​နေ​သေးသည်ထင်။ စင်း​ကော့​သောမျက်​တောင်များတန်ဆာဆင်သည့် မျက်ဝန်းတို့မှာ တင်းတင်း​စေ့လျက်သာရှိကာ အသက်ရှူသံမတိုးမကျယ်နှင့် ပုံမှန်နှလုံးခုန်သံတို့ကို Jisung ​သေ​သေချာချာကြား​နေရသည်။

ထိုလူ၏ မျက်နှာနုကို ​မ​နေနိုင်စွာ ​​ငေး​မော့ကြည့်​မိ​တော့ ရင်ထဲခံစား​နေရသည့် ​နွေး​ထွေးမှုက ပိုလို့တိုးသည်။ ထို့အတူ ယမန်​နေ့ညက အဖြစ်အပျက်များက ဦး​နှောက်ထဲ ပုံရိပ်နှင့်ပဲ့တင် ပြန်ထပ်လာ၏။

ဤမျှပြီးပြည့်စုံ၍ ခက်ထန်​ယောင်ရှိသည့် Alpha တစ်​ယောက်က သူ့ကိုသ​ဘောကျသည်တဲ့လား​လေ။

ထိုမျှမက​သေး။ ထို 'သ​ဘောကျသည်' ဆို​သောစကားကို နူးညံ့သိမ်​မွေ့စွာ၊ သိမ်ငယ်စွာ ဝန်ခံထုတ်​ပြောခဲ့သည်တဲ့လား။

Jisung အတွက်​တော့ လက်ခံရခက်ခဲသည့်ကိစ္စရပ်ဖြစ်သည်။ သူ၏မူရင်းစိတ်သ​ဘောထားအတိုင်းသာဆိုလျှင် Minho ၏စကား​တို့ကို ယုံကြည်ရန်ငြင်းဆန်မိလိမ့်မည်။ Minho ၏ရင်ခွင်ထဲ စိတ်လိုလက်ရတိုးဝင်ဖို့​နေ​နေသာသာ ကြမ်းတမ်းယုတ်ရင့်​သော စကားများနှင့်ပင် တန်ပြန်တိုက်ခိုက်မိလိမ့်မည်။

NON-BETA || MinSung FF ||Opowieści tętniące życiem. Odkryj je teraz