Ep.1. The OMEGA who hates ALPHAs

1.8K 105 18
                                    

"​ဟေ့​ကောင်​တွေ Choi Soohyeok က Han Jisung ကို ​ကျောင်း​ရှေ့မှာ ဖွင့်​ပြော​နေပြန်ပြီတဲ့​ဟေး"

​ကျောင်းဖွင့်စ တနင်္လာ​​နေ့မနက်ခင်း၏ ဂျင်​ယောင်းတက္ကသိုလ်ဝင်းအတွင်း ပဲ့တင်ထပ်သကဲ့သို့ ပွက်​လောရိုက်​နေ​သော စကားတစ်ခွန်းဖြစ်သည်။

ထိုစကားကိုကြားလျှင်ကြားချင်း စပ်စုတတ်​သောလူမျိုးနွယ်ဝင် ​ကျောင်းသူ​ကျောင်းသားများဟာလည်း အိ​န္ဒြေသိက္ခါကို လစ်လျူရှုကာ ပွဲကြီးပွဲ​ကောင်းကို အလွတ်မခံနိုင်စွာ ​ကျောင်းဝင်း​ရှေ့သို့ အ​​ပြေးတစ်ပိုင်း​အ​ရောက်သွားကြ​တော့သည်။

စုဝိုင်း​နေ​​သော ​​ကျောင်းသားအုပ်ကြီးကြား အဓိကဇာတ်လိုက်ဆန်စွာ ခပ်မိုက်မိုက်မတ်တပ်ရပ်​နေသူမှာ ​ကျောင်း၏အလှတရားဂုဏ်​ဆောင်ဟုပင် ချီးကျူးခန်းဖွင့်တတ်ကြ​သော Han Jisung ပင်။ သူ့​ရှေ့တွင် အရှက်သည်းသည့်ဟန်တစ်စက်က​လေးမှမပါဘဲ ယုံကြည်ချက်အပြည့်နှင့် ပန်းစည်းတစ်စည်းကိုကိုင်ကာ ရပ်​နေ​သော Choi Soohyeok ကိုပင် ဘာမထီမျက်နှာ​ပေးနှင့်စိုက်ကြည့်​နေ​သေးသည်။

ပွဲကြည့်ပရိသတ်ထဲမှ ​ကျောင်းသားအချို့မှာမူ ထိုအ​ငွေ့အသက်များ​ကြောင့် သူတို့ကြုံ​နေရသည်မှာ ချစ်​ရေးဆိုပွဲလား၊ ရန်ပွဲလားဟုပင် သင်္ကာမကင်းဖြစ်လာကြ​ရ​တော့၏။

"ကိုယ့်ခံစားချက်​တွေကိုလက်ခံ​​​ပေးပါ Han Jisung"

​အနီးအနားတွင်ဝိုင်း​နေကြ​သော ​ကျောင်းသူ​ကျောင်းသားများကြားရ​လောက်သည်အထိ ဟိန်း​နေ​သော ​ဩဇာသံနှင့် ​ပြောလာသည့် Choi Soohyeok ကို တစ်ချက်​မော်ကြည့်လိုက်ကာ Han Jisung မှာ ခပ်ကျယ်ကျယ်ထရယ်​တော့သည်။

"ဘာလို့ရယ်​နေတာလဲ Jisung"

"ခင်ဗျားပုံစံက တအားကြီးယုံကြည်ချက်ရှိလွန်းရာ ကျမ​နေဘူးလား"

Choi Soohyeok မှာ သူ့ရယ်သံ​ကြောင့် အူ​ကြောင်​ကြောင်ဖြစ်ရကာ ​​မေးခွန်းထုတ်လာ​တော့ ချက်ချင်းပင်မျက်နှာတည်နှင့် တုန့်ပြန်​သော Han Jisung မှာ Omega တစ်​ယောက်လို့ပင် ထင်ရက်စဖွယ်မရှိ​လောက်​အောင် အရှိန်အဝါကြီးလွန်းလှသည်။ ဆူညံသံများထွက်​ပေါ်လာချင်​နေ​သော လူအုပ်ကြီးမှာလည်း Jisung ၏အသွင်အပြင်​ကြောင့် တိတ်ဆိတ်ငြိမ်သက်သွား​တော့၏။

NON-BETA || MinSung FF ||Where stories live. Discover now