သုခေတ်ရဲ့ သီချင်းAlbmအသစ်ထွက်သည့်နေ့အထိ ဒေါ်မေသူနှင်း company သို့ မလာခဲ့။ ဤမျှရှည်လျားသော အချိန်ကာလက သူမ၏ စံချိန်တင် ပျက်ကွက်မှုဖြစ်သည်။

ကိုယ့်ဘာသာကိုယ် တသီးတသန့်နေပြီး သုခေတ် မိဘတွေအကြောင်း ဝင်မစွက်ဖက်သည့် ဘုန်းမြတ်ဖြိုးပင်လျှင် ယောက္ခမ၏ အခြေအနေကို အာရုံမစိုက်ဘဲ မနေနိုင်တော့ပေ။

ဘုန်းမြတ်ဖြိုးက သုခေတ်ကို ပြောလာ၏။

"အန်တီ ဒီတိုင်းနေနေတာ မကောင်းလောက်ဘူး ကြာရင် စိတ်ဓာတ်ကျသွားမှာ စိုးရတယ် "

"အင်း ငါလည်း သွားတွေ့တာပဲ
အမေ့ကို ချော့ဖို့လုပ်ပေမယ့် သူက အမြဲ အကြောင်းတစ်ခုခုပြပြီး နှင်လွှတ်တာ "

သုခေတ်က သက်ပြင်းချသည်။
သူ့ အမေသည် အရင်တုန်းက လုပ်ဒဏ်တွေကြောင့် စိတ်ပြေလက်ပျောက် အနားယူချင်လို့ အိမ်မှာပဲ နေနေတယ်လို့ တွေးပြီး မနှောင့်ယှက်ဖို့ လုပ်ထားသော်လည်း ဒီ အခြေအနေက စိတ်ချစရာ အနေအထားမျိုးမဟုတ်တော့ပေ။

"ပိတ်ရက်ကျရင် တစ်ခေါက်တူတူသွားရအောင် ကိုယ်ပါ လိုက်ခဲ့ပေးမယ်လေ သားကလည်း အဲ့ဘက်အိမ်ကို လွမ်းနေတဲ့ပုံပဲ "

"ကောင်းပြီလေ အဲ့လိုလုပ်ကြည့်ကြတာပေါ့ "

"ဖေကြီး... သားတို့ ဘယ်ထပ်သွားကြမလို့လဲ "
လှေကားပေါ်က ဆင်းလာတဲ့ မြတ်မင်းခက ဖခင်နှစ်ဦးရဲ့ စကားကို အပြည့်အဝမကြားလိုက်တာကြောင့် အသံစာစာဖြင့် အော်မေး‌သည်။

"ဖွားဖွားတို့ အိမ်ကိုသွားမလို့လေ သားကျောင်းပိတ်တဲ့ရက်ကျရင် "

"ဟို တစ်ခေါက်ကလို အဝေးကြီး မသွားတော့ဘူးလား "

ခရီးတစ်ခေါက်ထွက်လိုက်တာနဲ့ မြတ်ခင်းခက နောက်တစ်ကြိမ် ဘယ်တော့လဲဆိုတာသာ တွေးနေတော့သည်။

"ဘာလဲ သားက ဖွားဖွားတို့အိမ် မသွားချင်ဘူးလား အခု ဖွားဖွားကြီးရော ဖွားဖွားရော နေမကောင်းဖြစ်နေတာလေရော "

"သွားမှာ သားသား သွားမှာ "

ကလေးကို ခေါ်သွားလို့ အဆင်ပြေပါ့မလား မသိပေမယ့် အရင်တစ်ခါလိုမျိုး အမေက မြတ်မင်းခကို  လျစ်လျူရှုမှာကိုလည်း သုခေတ်စိုးရိမ်သည်။

အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]Where stories live. Discover now