"ခဏနေပါဦး..."

မိဘနှစ်ပါး ပြောနေတဲ့ စကားများကို နားထောင်ရင်း ငြိမ်နေခဲ့သော သုခေတ်က...

"အဲ့ ကလေးကရော ? ကလေးက တကယ်ရှိခဲ့တာလား ? "

"ကလေးကို မွေးခဲ့တဲ့ ဆေးရုံက မှတ်တမ်းတွေမှာ ကလေးက အသက်ရှင်တယ်လို့ ‌ဖော်ပြထားတယ် ဒါပေမယ့် အဲ့တုန်းက ကြားကနေ အကျိုးဆောင်ပေးတဲ့ အမျိုးသမီး နဲ့ ကိုယ်ဝန်ဆောင်ပေးတဲ့ မိန်းမကို အခုထိ အစရှာ မရဘူး အကျိုးဆောင် မိန်းမကတော့ မြတ်မင်းခ မွေးပြီး ဘယ်နှ လမှ မကြာသေးဘူး နိုင်ငံခြားကိုထွက်သွားတာပဲ ....

အမေလည်း အဲ့ နှစ်ယောက် သတင်းကိုရှာရင်း ဟိုမှာ အချိန်ကြာနေတာ အခု ဒီက အရှပ်တွေရှင်းပြီးတာနဲ့ ကလေးကို ရှာဖို့ ပြန်သွားမှာ "

ဒေါ်မေသူနှင်းက သုခေတ်၏ ဘေးကို ရွှေ့ထိုင်ကာ ပခုံးအားအသာအယာပုတ်ပေး၏။

"ဘာမှ မပူနဲ့ ကလေးကို ရအောင် အမေပြန်ခေါ်ခဲ့မယ် လောလောဆယ် ဒီက ပြဿနာကို အရင်ရှင်းကြတာပေါ့ "

ပြဿနာ ?
ကြားလိုက်ရတဲ့ ကိစ္စအမြောက်အမြားကြောင့် မတည်မငြိမ်ဖြစ်နေဆဲ့ သုခေတ် ခေါင်းထဲကို အတွေး အချို့ထပ်ဝင်လာသည်။

"အမေ အခုပြန်လာတာ  မြတ်မင်းခက ကျွန်တော့ ကလေးမဟုတ်ဘူးဆိုတာကို ဖော်ထုတ်ဖို့ ပြန်လာတာပေါ့ "

"ဟင်း...ဒါက အဖြစ်သင့်ဆုံး နည်းလမ်းပဲလေ "

ဒေါ်မေသူနှင်းက အစောကြီးကတည်းက ကြိုတင် သိရှိပြီးသူဖြစ်တာကြောင့် ဒီမှာ ရှိနေတဲ့ လူသုံးဦး အနက် အတည်ငြိမ်ဆုံးဖြစ်နေသည်။
သူမသည် ယောက်ျားဖြစ်သူနဲ့ သားကို စိတ်ပူပန်နေသေးသော်လည်း သူမ အစီအစဉ်တွေကိုလည်း မယိမ်းယိုင်စေလိုပေ။

"ဒီကိစ္စဖြစ်လက်စနဲ့ သားနဲ့ ဘုန်းမြတ်ဖြိုးအကြောင်းကို ချပြလိုက်တာ ပိုကောင်းမယ် အဲဒါက တရားမဝင် ကလေးတစ်ယောက်ကို ဝှက်ထားတာထက်စာရင် ပိုသာ‌သေးတယ်လေ စဉ်းစားကြည့် အခုချိန်မှာ လူတိုင်းက သုခေတ်ကို ကောလဟာလတွေနဲ့ တမင် ချောက်တွန်းနေတယ်ဆိုပြီး မီဒီယာတွေကိုပဲ အပြစ်တင်နေကြတာ အကုန်လုံးရဲ့ အကောင်းဘက် အမြင်တွေက သားဆီမှာချည်းပဲ အဲ့တော့ သားကို လိင်တူစိတ်ဝင်စားတယ်ဆိုပြီး  မဟုတ်တမ်းတရား သွားပုတ်လေလွင့် ပြောမယ့်  လူတွေရဲ့ ပါးစပ်ပေါက်တွေကိုလည်း တစ်ခါတည်း ကြိုပိတ်သွားအောင် လုပ်လိုက်နိုင်မယ် "

အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]Where stories live. Discover now