"အဲ့လိုတော့လည်းမဟုတ်ဘူး သူတွဲတဲ့ လူတိုင်းက သူ့ စရိုက်နဲ့ မကိုက်တာ "

ရှယ်လီက ခဏစဉ်းစားနေ၏။

"သူက ဘယ်လိုပုံစံမျိုးကို ကြိုက်တာလဲ "

"ချောရမယ် ‌ခေတ်ဆန်ရမယ် ပြီးတော့ စကားအရမ်းမများတဲ့ လူမျိုး "

"အဲ့ဒါဆို ငါနဲ့ ကွက်တိပဲဟဲ့ "

ဘယ်နားကများ ကွက်တိတာလဲ ဆိုတဲ့ အမေးကိုတော့ သုခေတ် စိတ်ထဲမှာပဲ သိမ်းထားလိုက်တော့သည်။

ရှယ်လီ သူ့ အလုပ်ခန်းကနေ မြူးတူးစွာထွက်သွားပြီးနောက်တော့ သုခေတ်မှာ လုပ်စရာထွေထွေထူးထူးမရှိတော့ပေ။
------

သီချင်းမူကြမ်းတွေကို အချောသတ်ကာ နာရီကို ကြည့်လိုက်တာ့ နှစ်နာရီခွဲသာ‌ရှိသေးသည်။

ဒီနေ့လည်း အလုပ်စောဆင်းတဲ့ နေ့ပါပဲလား။

ရုံးခန်းထဲကထွက်ဖို့ တံခါးဖွင့်လိုက်စဉ်မှာပဲ မန်နေဂျာ မြပွင့်ချယ်က အပြေးအလွှားရောက်လာတယ်။

"ဘာဖြစ်လို့လဲ "

"သုခေတ် နင် ဟိုပုံမြင်ပြီးပြီလား "

"ဘယ်ပုံလဲ "

သူအရင်ဆုံးတွေးလိုက်မိတာ လျှန်းညီရဲ့ ကိစ္စကိုဖြစ်သည်။ ဒါပေမယ့် မန်နေဂျာ ဆက်ပြောလာတဲ့ စကားကြောင့် သူ့ ခေါင်းထဲမှာ ခေတ္တ ဗလာဖြစ်သွားတယ်။

"မြတ်မင်းခနဲ့ နင်နဲ့ မုန့်ဆိုင်ကပုံလေ "

မန်နေဂျာက ပြန့်နှံ့နေတဲ့ သတင်းတွေကို ဖတ်လက်စ သူ့ဖုန်းအား သုခေတ်လက်ထဲသို့ ထည့်ပေးလာတယ်။

ပုံမှာ မြတ်မင်းခ မျက်နှာကိုတောင် ဝါးမထားဘူး။ သုခေတ် အတော်လေး စိတ်ပူသွားတယ်။

"ကလေးကို သွားကြိုလိုက်ဦးမယ် "

"နေဦး ! "

မန်နေဂျာက တားသည်။

"MD က အခု ပြန်လာပြီတယ် ငါ့ကို S နိုင်ငံ လေဆိပ်ကနေ ဖုန်းဆက်တယ် ငါ ဒရိုက်ဘာ ဦးလေးကြီးကို ဖုန်းဆက်ပြီးပြီ မြတ်မင်းခကို နင်တို့ အိမ်ကို ပြန်ပို့ပေးဖို့ "

S နိုင်ငံ လေဆိပ်? အဖေပြောတော့ အမေက ဘန်ကောက်သွားတယ်လို့ ပြောခဲ့တာပါ။

အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]Where stories live. Discover now