သူ့ရဲ့ဘဝနှစ်ခုလုံးပေါင်းပြီး ဒီမိုက်မဲတဲ့ကိစ္စတစ်ခုကိုလုပ်လိုက်တာပင်။
[T/N- သူလွတ်လပ်မှာနဲ့ သူ့ရဲ့စွမ်းရည် နှစ်ခုကိုပြောတာထင်ပါတယ်]

      တကယ်လို့ချင်ရှောင်းသာ မမှောင်ခင်ပြန်မလာခဲ့ရင် ဒီမိုက်မဲတဲ့အရာကို သူသာသိတော့သည်။

      တခြားလူတွေကိုပြောပြခဲ့ရအောင်လည်း သူအဲ့လောက်ထိမရူးမိုက်သေးပါဘူး။

     လင်ရှီးခေါင်းခါရင်းရယ်လိုက်တယ်။

      ထိုအချိန်မှာ သူကိုယ်တိုင်အစား ချင်ရှောင်းကိုလုပ်ကြံမှုအကြောင်း အချို့အချက်အလက်တွေကို တခြားနည်းနဲ့စီစဉ်ပေးနိုင်မလားဆိုပြီး အခြားသောအခွင့်အရေးတွေကိုရှာကြည့်လိုက်သည်။

      ချင်ရှောင်းမကြာခင်မှာပြန်လာဖို့ လင်ရှီးမျှော်လင့်နေရုံသာမက မပြန်လာဖို့ကိုလည်းမျှော်လင့်နေမိပြန်သည်။

     တကယ်လို့ချင်ရှောင်းသာပြန်မလာခဲ့ရင် လင်ရှီးသူ့ရဲ့မိုက်မဲ့တဲ့အရာတွေကို ဖော်ထုတ်ပြစရာမလိုတော့ဘူး။

      မြက်ခင်းမှာထိုင်နေတာက ခန္ဓာကိုယ်အောက်ပိုင်းအ‌ေရပြားကအကြေးခွံတွေနဲ့ဖုံးနေပေမယ့်လည်း လင်ရှီးကိုမသက်မသာခံစားရစေတုန်းပင်။

      သူခေါင်းကိုလှည့်ပြီး အနောက်ကသံတံဂါးဂိတ်ကနေဖြတ်ကြည့်လိုက်ရင် ငါးကန်ကြီးကိုတွေ့နိုင်တယ်။

     မိုးရေတွေငါးကန်ထဲကိုကျနေပုံက အရမ်းကိုဆွဲဆောင်မှုရှိတာကြောင့် လင်ရှီးမြက်ခင်းပြင်မှာထိုင်နေမယ့်အစား ငါးကန်ကြီးထဲရေဆင်းကူးချင်သွား၏။

     ကောင်း‌ကင်ကပိုပိုမှောင်လာပြီး လုံးဝကိုမှောင်မဲလုနီးပါးပင်။

      ချင်ရှောင်းပြန်လာတော့မှာမဟုတ်ဘူးလို့ ခန့်မှန်းမိတော့ လင်ရှီးနှလုံးသားထဲမှာ ဘယ်လိုခံစားနေရမှန်းမသိပေ။ သူအထီးကျန်တဲ့စိုထိုင်းမှုတွေထဲနစ်မြုပ်သွားလေတယ်။

     လင်ရှီးအနက်ရောင်အမြှီးကြီးကို မြက်ခင်းပြင်ပေါ်ရိုက်ချလိုက်၏။ သူ့ရဲ့ချောမောလှတဲ့မျက်နှာလေးက အမူအယာအများကြီးမပြပေမယ့် မြက်ခင်းပေါ်ရိုက်ချလိုက်တဲ့အပြုအမူက ဘယ်လိုပဲကြည့်ကြည့်အတွင်းစိတ်ထဲမှာ မပျော်ရွှင်နေဘူးဆိုတာ ဖော်ပြနေသည်။

The Villain Dressed As a Little MermaidHikayelerin yaşadığı yer. Şimdi keşfedin