ထမင်းဝိုင်းမှာ လူပိုများလာပေမယ့် ခါတိုင်းထက်ပိုတိတ်ဆိတ်နေတယ်။

အဘွားက နဂိုကတည်းက ထမင်းစားချိန်ဆို စကားသိပ်ပြောလေ့မရှိဘူး။

အဖေနဲ့ ဘုန်းမြတ်ဖြိုးရဲ့ ဆက်ဆံရေးက ခပ်တန်းတန်းဖြစ်နေသလို အမေကလည်း မြတ်မင်းခကို ထမင်းခွံ့ကျွေးတာကိုပဲ အာရုံစိုက်နေတယ်။

ဒီနေ့ရဲ့ ညစာက တရားစခန်းက ထမင်းဝိုင်းနဲ့ ပိုတူနေပြီး သူတို့နှစ်ယောက်တည်း လွယ်လင့်တကူ ချက်ပြုတ်စားနေကျ ဟင်းလျာတွေလောက် စားမမြိန်ပါ။

နောက်ပြီး အစကတည်းက လာရင်း အဓိက အကြောင်းကလည်း ညစာစားဖို့မှ မဟုတ်ပဲလေ။

ထမင်းစားပြီးတော့ သုခေတ် နဲ့ ဘုန်းမြတ်ဖြိုး ဧည့်ခန်းမှာ သုခေတ်ရဲ့ မိဘတွေ ပြောမယ့် စကားကို နားထောင်ဖို့စောင့်ဆိုင်းကြတယ်။

အဘွားက စကားဝိုင်းထဲမှာ ပါဖို့ အစီအစဉ်မရှိဘူးထင်သည်။ ထမင်းစားပြီးတာနဲ့ သူတို့ကို နှုတ်ဆက်ပြီး သူ့အခန်းထဲကို ဝင်သွား၏။

"မြတ်မင်းလေး မူကြိုတက်နေပြီဆိုတော့ အဖေနဲ့ ခွဲနေတာ မကောင်းတော့ဘူး "

ဒေါ်မေသူနှင်းက ဆိုသည်။

"ငါ့ ဆန္ဒအတိုင်းသာဆို သုခေတ်ကို ဒီမှာ လာနေစေချင်ပေမယ့် ငါ့ စကားက အရာထင်မှာ မဟုတ်ဘူးလေ... အဲ့ဒီတော့ ကလေးကို တစ်ပတ် တစ်ခါလောက် မင်းတို့ခေါ်ထားမယ်ဆိုရင် ဘယ်လို သဘောရလဲ "

ထိုမေးခွန်းက ဘုန်းမြတ်ဖြိုးအတွက် ရည်ရွယ်ထားသည့်ပုံပင်။ ဒေါ်မေသူနှင်းက ဘုန်းမြတ်ဖြိုးကို အကဲခတ်နေ၏။

"ကျွန်တော်က ကိစ္စမရှိပါဘူး... သုခေတ် သဘောအတိုင်းပါပဲ "

သုခေတ်မှာ ကိုယ့်ကိုယ်ကို ဘယ်လို သဘောရှိလဲ ဆန်းစစ်ကြည့်နေဆဲသာရှိသေးသည်။
အနည်းဆုံးတော့ ကလေးလာနေရင် တစ်ပတ် တစ်ရက် သူလည်း အနားယူလိုက်ရမယ်။
မကောင်း‌တာတော့ မဟုတ်ပေ။

"ခေါ်ထားတာက အကြောင်းမဟုတ်ပါဘူး ကလေး ဝေယျာဝစ္စကျတော့ ကျွန်တော်ရော သူရော မကျွမ်းကျင်ဘူးလေ "

"အဲ့ အတွက်တော့ မပူနဲ့ မင်းတို့ မနိုင်ရင် စုနွယ်ကိုခေါ်လို့ရတယ် "

အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]Where stories live. Discover now