ဥဥ : ဒီပုံက ပိုရီရတယ် သူ့ fan page တစ်ခု က တင်တဲ့ပုံ (photo)

မိုးကြီး : အဲ့ တစ်ပုံတည်းကိုပဲ စာ အမျိုးမျိုးနဲ့ တွဲ‌တင်နေတာ မလား

ငဇွဲ : ငါ့ဖုန်းထဲမှာ အဲ့ထက် ပုံဆိုးပန်းဆိုးပုံတွေရှိသေးတယ် ပွဲဦးမထွက်ခင်တုန်းက ဆံပင် အပြာနဲ့ ပုံလေ

ဥဥ : ငါ့ဆီမှာ သူ့ boxer အနီနဲ့ပုံရှိတယ်

မိုးကြီး : @ဥဥ / အဲ့ပုံဘာလို့ သိမ်းထားတာလဲ သူ့ လင်ဆီသွားအပ်လိုက်

ဥဥ : ဒီတိုင်း အပ်စရာလား ပြန်ရောင်းမှာပေါ့ သူ့ မိန်းမရဲ့ ပုံဆိုးပန်းဆိုးတွေ မပေါက်ကြားချင်ရင် ငွေထုပ်ပိုက်ပြီးလာရွေးလိမ့်မယ်

ငဇွဲ : ‌ငါလည်း ပုံအဟောင်းတွေ ပြန်ရှာဦးမယ်

မိုးကြီး : ခွိစ်000

ဒီဖေ...အောက်တန်းဇားတွေ...
တစ်ညလုံး သူ့ရဲ့ ပဝေသဏီက snap တွေပို့ရင်း အူမြူးနေကြတာ။ ပြောနေသမျှက သူ့အတင်းတွေချည်းပဲ။ ခါတိုင်းလည်း ဦးတဲ့လူပြောနေကျဆိုတော့ မနေ့ညက သူခံရလှည့် ဖြစ်သွားတယ်။

ဒီလိုကောင်မျိုးတွေ ရည်းစားလက်မဲ့ဖြစ်နေတာ မဆန်းပါဘူး။ မိုးကြီးဆိုတဲ့ မိုးသက်ဈာန်ကလွဲရင်ပေါ့။ သူကတော့ ငယ်ငယ်ကတည်းက တွဲခဲ့တဲ့ အချစ်ဦးနဲ့ အခုထိ မြဲနေပြီးသား။

ဒီတိုင်း သူများပြောတဲ့ ကိုယ့်အတင်းကို ဖတ်ပြီး ဘာမှမပြောလို့ မကောင်းတတ်တာကြောင့် ယဉ်ကျေးမှု အရ နည်းနည်းလေး ဆဲပေးလိုက်သည်။

ဒီ ဗရုတ်သုက္ခတစ်သိုက်ကတော့ သူနဲ့ ပွဲဉီးထွက်ခဲ့တဲ့ Band 'Square root' ရဲ့ အဖွဲ့ဝင်ဟောင်း‌တွေပဲ။

သူတို့က D&D agency လက်အောက်မှာပဲ ပွဲဦးထွက်ခဲ့ကြတာ။ နောက်ပိုင်း ကုမ္ပဏီနဲ့ အဆင်မပြေတော့ Album လေး နှစ်ခါလောက်ထုတ်ပြီးတာနဲ့ တစ်ယောက်ပြီး တစ်ယောက်ထွက်ကုန်ကြကာ အခုတော့ ကိုယ်စီကိုယ်ငှ မတူသော အလုပ်တွေနဲ့ ဖြစ်သည်။

သုခေတ်ကတော့ band ပျက်ပြီးတဲ့နောက် မိဘတွေပိုင်ဆိုင်တဲ့ Figure 9 နဲ့ စာချုပ်ပြန်ချုပ်ပြီး တစ်ကိုယ်တော် အဆိုတော်တစ်ယောက်အနေနဲ့ ပို အောင်မြင်လာခဲ့တယ်။

အသိုက်ထဲက ဆည်းလည်းလေး [COMPLETED]Where stories live. Discover now