Chapter6(Unicode +Zawgyi)

Start from the beginning
                                    

'ထားတော့....အဝေး...လက်တွေလဲအေးစက်နေရော...ကြောက်နေတာလား..?ခဏနေအဝေးကျွန်တော့အမေတို့နဲ့တွေ့ရမှာကို...'

'ဟင့်အင်း....အဝေးမကြောက်ဘူးမောင်....ကြည့်ရတာမောင်အတွေးလွန်နေပြီထင်တယ်....အဝေးက ကိုယ်ရွေးချယ်ခဲ့တဲ့အရာအတွက်ဘယ်တော့မှနောင်တမရတတ်ဘူးမောင်...ဒါပေမဲ့....တချိန်တည်းမှာဘဲကိုယ့်ဘက်ကလုံးဝမဖြစ်နိုင်တော့ဘူးဆိုရင်တော့အဲ့အရာကိုလွယ်လွယ်စွန့်လွှတ်ပြစ်မိလိမ့်မယ်ထင်တယ်.....အဝေးနာကြင်မှုကိုရင်ဝယ်ပိုက်ပြီးဟန်ဆောင်တော်မပြုံးနေနိုင်ဘူးမောင်...သိတယ်မလား...အဝေးကဟန်ဆောင်ရတာသိပ်မုန်းတယ်ဆိုတာ...'

'အဝေး...မင်းပြောတာတွေကျွန်တော်တစ်ခုမှလိုက်မမှီတော့ဘူး.....'

'အဝေးပြောတဲ့စကားတွေကိုမောင်နားမလည်ရင်ရတယ်....တချိန်ကြသူ့အလိုလိုမောင်နားလည်လာပါလိမ့်မယ်....တစ်ခုဘဲ....ဘာလုပ်လုပ်....သေချာစဉ်းစားဆုံးဖြတ်ပြီးမှလုပ်ပါမောင်....ဦးနှောက်နဲ့ရွေးချယ်မယ့်အစားနှလုံးသားနဲ့ယှဉ်ပြီးစဉ်းစားဆုံးဖြတ်တတ်ပါစေ....မောင်....'

'တာရာဝေး....ဘာလို့မင်းကအမြဲတမ်းပဟေဋိတွေနဲ့ပြည့်နေရတာလဲ...?'

'မောင်စိတ်ထင်လို့ပါ....သွားရအောင်လေ...ဟိုမှာလူကြီးတွေစောင့်နေလောက်ရောပေါ့....'

'အင်း...ကောင်းပြီလေ...သွားကြတာပေါ့....'

ဒီလိုနဲ့ကားလေးရဲ့ဦးတည်ရာကမောင့်ရဲ့စံအိမ်တော်စီသို့

---------------------

----------------------------

'မာမီ....သူ့နာမည်ကတာရာဝေးတဲ့....သူက...'

ကျွန်တော့်စကားမဆုံးခင်မှာပင်မာမီ့  ရဲ့လက်ဖဝါးဟာအဝေးရဲ့ပါးပေါ်သို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိသွားတော့သည်....

'ဖြောင်း!!!!!'

အနောက်ကိုအနည်းငယ်ယိုင်သွားတဲ့အဝေးကိုယ်ကိုလက်တစ်ဖက်နဲ့ဖမ်းထိန်းရင်းကျွန်တော့်အနောက်မှာသူ့ကိုထားပြီးကျွန်တော့်ကိုယ်နဲ့ကွယ်ထားမိသည်....

'အဝေး....!မာမီ...ဒါဘာလုပ်တာလဲ...?'

'မင်းငါ့ကိုအသက်မရှင်စေချင်တော့ဘူးလားဖြိုးဝေမောင်...ဟမ်...?'

Love  or hateWhere stories live. Discover now