အပိုင်း (၇)

73 9 1
                                    

အပိုင်း (၇):
X city ၏ ပထမဆုံးသော ပြည်သူ့ဆေးရုံ (၇)

လူသတ်သမားရဲ့ နောက်ထပ် သားကောင်...

ပြေးနေတာ တော်တော်လှမ်းလှမ်းပင်ရောက်သွားပြီမို့ ချီလဲ့ရွမ် က နောက်ဆုံးတွင်တော့ ပြေးနေသည်အားရပ်လိုက်ပြီး အမောဖြေလိုက်ပေသည်။ ထိုအခါမှ ပတ်ဝန်းကျင်အား သူသေချာပတ်ကြည့်မိရင်း သူလက်ရှိရောက်နေသည့်နေရာမှာ OB-Gyn အခန်းနားတွင်ဖြစ်ကြောင်း ရှာတွေ့သွားခဲ့သည်။ ထိုအချိန်တွင် သူ့တစ်ကိုယ်လုံးသည်လည်း ချွေးအေးများဖြင့် ရွှဲစိုလို့နေခဲ့ပေသည်။

[T/N: OB-GYN = obstetrics and gynecology
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအား ကလေးမွေးဖွားရန်အတွက် ကူညီဆောင်ရွက်ပေးသည့် ဆေးပညာဌာန]

"ချီလဲ့ရွမ်?" ရင်းနှီးပြီးသား ခေါင်းတစ်လုံးက တံခါးဝမှချောင်းကြည့်ရင်း ချီလဲ့ရွမ်အားအသက်ရှင်လျက် ပြန်လည်တွေ့လိုက်ရတာကြောင့် အံ့ဩစွာဖြင့် တံခါးအပြင်သို့ခုန်ထွက်လာပြီး မယုံကြည်နိုင်စွာဖြင့် မေးမြန်းလိုက်ပေသည်။

"မင်း တကယ်ကြီး အသက်ရှင်နေသေးတာလား?"

"ကျွန်တော့ကို ခင်ဗျားအပေါ်ထားတဲ့အမြင်တွေ ဆိုးရွားသွားအောင် မလုပ်ပါနဲ့လား။" ချီလဲ့ရွမ်က တစ်ဖက်သူ၏မေးခွန်းအား ခြောက်သွေ့ကွဲအပ်နေသော အသံဖြင့် ပြန်လည်ဖြေကြားလိုက်ပေသည်။ ဒေါက်တာလု အသက်ရှင်နေသေးသည်အား မြင်လိုက်ရသည့်အချိန် ချီလဲ့ရွမ်၏ စိတ်အခြေအနေသည်လည်း တစ်နည်းနည်းနဲ့ တည်ငြိမ်သွားပေသည်။

ထိုအခါမှ ဒေါက်တာလုက အခန်းရှေ့မှရပ်နေရာကနေ သူ့ဆီသို့အကူအညီပေးဖို့ရန် ပြေးလာပြီး မေးလိုက်လေသည်။

"မင်း အဆင်ပြေရဲ့လား?"

"အင်း..." ချီလဲ့ရွမ်က သူ့ခန္ဓာကိုယ်အားသေချာပြန်ကြည့်မိလိုက်သည်။ သူ့ skill card ကို အသုံးပြုပြီး
သည့်နောက် ဒဏ်ရာရထားသည့်နေရာတွေကသာ ပြန်ကောင်းသွားချင်းမဟုတ်ဘဲ လူသတ်သမား၏လွှစက်ဖြင့် အဖြတ်ခံခဲ့ရသောသူ၏လက်မောင်းမှတစ်ဆင့် စင်ထွက်သွားသော သွေးတွေအားလုံးသည်လည်း ပျောက်ကွယ်သွားခဲ့ပေပြီ။ ပြောရရင်တော့ သူ့ရဲ့ S/L skill က save point ချမှတ်ထားခဲ့သည့် အချိန်က သူ့အခြေအနေအတိုင်းကို ပြန်လည်ရောက်ရှိအောင် လုပ်ဆောင်ပေးနိုင်ပေသည်။

You've reached the end of published parts.

⏰ Last updated: Jan 05, 2023 ⏰

Add this story to your Library to get notified about new parts!

Welcome to the nightmare game Where stories live. Discover now