အပိုင်း(၄)

33 7 0
                                    

အပိုင်း (၄) :
X city ၏ ပထမဆုံးသော ပြည်သူ့ဆေးရုံ (၄)

တံခါး၏ တစ်ဖက်ရှိသူမှာ လိပ်ပြာလွင့်ထွက်မတတ် လန့်သွားခဲ့ပြီး၊ အနောက်ကိုခုန်မိသွားကာ ‌ကျောကုန်းပင် လျှောက်လမ်းနံရံဖြင့် ဆောင့်မိသွားရသည်။

ထိုသူက တုန်ယင်စွာဖြင့် "မ... မင်း... မင်း.. က.. က သရဲ.. လား"

ချီလဲ့ရွမ် က သူ့ရဲ့ မျက်နှာသေအား ခံစားချက်တစ်စုံတစ်ရာ မပြမိအောင် ထိန်းထားလိုက်ပြီး၊ တစ်ဖက်ရှိ သနားစရာလူအား အနည်းငယ် စနောက်ဖို့ဆုံးဖြတ်လိုက်တယ်။

"ဟုတ်တယ်လေ။ ငါက သရဲ။"

တစ်ဖက်သူရဲ့ ဦးနှောက်က ချောင်နေတာမဟုတ်တာကတော့ စိတ်မကောင်းစရာပါဘဲ။ ထိုသူက ချီလဲ့ရွမ် ရဲ့ အရိပ်ကို ကြမ်းပြင်ပေါ်မှာမြင်လိုက်ရတာကြောင့် စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်တော့သည်။

"မင်း လူတွေကို အဲ့လိုမျိုး လိုက်မခြောက်လှန့်နေသင့်ဘူး.. အာ.. ဟေး၊ မင်းရဲ့ရုပ်ကို ငါရင်းနှီးနေသလိုခံစားနေရတယ်။ ငါတို့ တစ်နေရာရာမှာများ မြင်ဖူးကြသေးလား?"

ချီလဲ့ရွမ် က တစ်ဖက်သူအား စနောက်သည့်လေသံဖြင့် ထိုသူအကြောင်း သူမှတ်မိသမျှ ပြန်ပြောပြလိုက်တယ်။ "အသက်က ၂၄ နှစ်။ ဒေါက်တာဘွဲ့ ရထားပြီးပြီ။ ကောင်မလေးလည်း တစ်ခါမှမထားဖူးဘူး။ ဒေါက်တာလု ရေ ငါတို့ လွန်ခဲ့တဲ့ နာရီအနည်းငယ်လောက်ကဘဲ တွေ့ခဲ့တာမဟုတ်လား?"

ဒေါက်တာလု က မသက်မသာဖြစ်စွာဖြင့် သူ့ နှာခေါင်းသူပွတ်လိုက်ပြီး "အာ၊ ဟုတ်သားဘဲ။ ဟိုင်း။ ပြန်တွေ့ရတာဝမ်းသာပါတယ်... မင်းနာမည်က?"

"ချီလဲ့ရွမ်"

ဒေါက်တာလု က သူ့ရဲ့နာမည်အပြည့်အစုံအား တစ်ဖက်သူကို ပြန် မမျှဝေနေတော့ဘဲ ချီလဲ့ရွမ် ကို ဆေးခန်းထဲ ပြန်ဆွဲခေါ်သွားလိုက်တယ်။
"လဲ့ရွမ်၊ လာ လာ ငါတို့ ဒီနေရာက အချက်အလက်တွေမျှဝေကြရအောင်လေ။ ငါ နိုးနိုးလာချင်းတုန်းက ရုံးခန်းတစ်ခန်းထဲမှာ ရောက်နေခဲ့တာ။ တံခါးတွေကလည်း လော့ချထားပြီး၊ ပြတင်းပေါက်ကနေမြင်နေရတဲ့‌ နေရာတွေအကုန်လုံးက မြူတွေနဲ့ချည်းပြည့်နေတာ။ ပြီးတော့ အဲ့မြူတွေကလည်း လုံးဝကို ပုံမှန်မဟုတ်နိုင်ဘူး။ ငါ ထိုင်ခုံအံဆွဲတွေမှာ သော့လိုက်ရှာကြည့်မလို့ လုပ်ပေမယ့်လည်း၊ အဲ့က အံဆွဲတွေကအစ လော့ချထားတာ။ ငါ့ဘဝတစ်လျှောက်လုံး ကြည့်ခဲ့ဖူးတဲ့ horror ဇာတ်လမ်းတွေကို ပြန်စဉ်းစားကြည့်ရရင် ဒီနေရာကြီးက လုံးဝကို ပုံမှန်မဟုတ်နေတာ။ ပြီးတော့ အဲ့အချိန်မှာဘဲ စနစ်ဆီက သတိပေးစာဝင်လာခဲ့တယ်။ ပိုပြီးဆိုးတာက အဲ့သတိပေးစာဝင်လာပြီးပြီးချင်းမှာဘဲ အနားက မှန်တစ်ခုကနေ သရဲတစ်ကောင်ကို မြင်လိုက်ရတာဟ!!"

Welcome to the nightmare game Where stories live. Discover now