အပိုင်း(၃)

54 8 0
                                    

အပိုင်း (၃)
X city ၏ ပထမဆုံးသော ပြည်သူ့ဆေးရုံ (၃)

အံ့ဆွဲက ဆွဲဖွင့်ခြင်းခံလိုက်ရသည်။ ချီလဲ့ရွမ် ကတော့ အနှီလူသတ်သမား၏ မျက်နှာကိုတောင် မကြည့်အားဘဲ၊ သူ့လက်အားဆွဲမြှောက်လိုက်ပြီး အရှိန်ဖြင့် တစ်ဖက်လူ၏ လည်ဇလုတ်နေရာအား လက်သီးပြင်းတစ်ချက်ကို ထိုးသွင်းလိုက်ပေသည်။

သတိပေးချက် တစ်စုံတစ်ရာမရှိဘဲ ဝင်ရောက်လာသော လက်သီးချက်ကြောင့်၊ လူသတ်သမားက ဟန်ချက်ပျက်သွားပြီး လက်ထဲရှိ လွှစက်သည်လည်း ကြမ်းပြင်ပေါ်သို့‌ ပြုတ်ကျသွားပေသည်။

အခွင့်အရေးဘဲ!

ချီလဲ့ရွမ် က ကောင်တာစားပွဲအောက်မှ အလျင်အမြန်ထထွက်ပြေးလိုက်သော်လည်း၊ သူ၏ကံကတော့ အလုံအလောက် မကောင်းနေပုံရသည်။ သူ့နှလုံးသားဟာ တွင်းနက်ကြီးထဲသို့ ပြုတ်ကျသွားသလိုပင် ခံစားလိုက်ရတော့သည်။

တကယ်တော့ ကောင်တာစားပွဲအောက်၌ အချိန်အတန်ကြာပုန်းနေခဲ့တုန်းက သူ့ခန္ဓာကိုယ်အနေအထားအား တစ်ကြိမ်မျှ မပြောင်းခဲ့မိပေ။ ဒါကြောင့် သူ ကောင်တာအောက်မှ ထထွက်ချင်းချင်းမှာဘဲ သူ့ ဘယ်ဘက်ခြေထောက်မှ စူးရှသည့်ခံစားချက် တစ်ခု ဖြစ်ပေါ်လာပြီး၊ အကြာကြီးထိုင်မိထားသည့်အတွက် ခြေထောက် ကျဉ်သွားခြင်းဖြစ်ကြောင်း သတိထားမိလိုက်ပေသည်။

ထုံကျဉ်နေသည့် ခြေထောက်အား၊ အနည်းငယ်ပြန်လည်ကောင်းမွန်စေရန် စောင့်နေသည့် စက္ကန့်ပိုင်းအချိန်အတွင်း၊ ကြမ်းပြင်ပေါ်၌ နာကျင်မှုကြောင့် လူးလှိမ့်နေသော လူသတ်သမား၏ အသွင်အား သေချာကြည့်လိုက်မိသည်။ မျှော်လင့်ထားသလိုပင် ထိုသူက ထောင်ဝတ်စုံဝတ်ထားပေသည်။ သူက ဆံပင်အတိုရှိပြီး၊ မမျှော်လင့်ထားသည်ကတော့ ထိုသူက ငယ်ရွယ်ပြီး ခန့်ညားသည့် လူငယ်လေး တစ်ယောက်သာ ဖြစ်နေခြင်းပင်။  သို့သော် တစ်ကိုယ်လုံးအနှံ့ ပေကျံနေသော သွေးများနှင့်၊ သူ့မျက်နှာတစ်ခြမ်းရှိ အမာရွတ်များက သူ့အား အကျည်းတန်နေစေပြီး၊ ထိတ်လန့်စရာ ကောင်းနေပေသည်။

လည်ချောင်းအား ပြင်းပြင်းထန်ထန် ထိုးခံထိထားသော အနှီလူသတ်သမားသည် ကောင်းမွန်စွာ မတ်တတ်မရပ်နိုင်သေးသော်ငြား၊ ဘေးရှိ လွှစက်ကို တင်းကြပ်စွာကိုင်ထားပြီး ချီလဲ့ရွမ် အားကြည့်ကာ ကျိန်ဆဲနေပေသည်။

Welcome to the nightmare game Nơi câu chuyện tồn tại. Hãy khám phá bây giờ