အပိုင်း(၆)

27 7 0
                                    

အပိုင်း (၆) :
X city ၏ ပထမဆုံးသော ပြည်သူ့ဆေးရုံ (၆)

ချီလဲ့ရွမ် က တစ်ဖက်ရှိ သူ့တစ်ဘဝလုံးအတွက် မမြင်ချင်ဆုံးသော မျက်နှာအား မြင်လိုက်ရပြီးနောက်၊ ခြေထောက်အား အခြားတစ်ဖက်သို့လှည့်ကာ "ပြေးတော့!!" ဟု စူးရှစွာအော်ဟစ်လိုက်ပြီး၊ လျှင်မြန်သော အရှိန်ဖြင့် စတင်ပြေးလေတော့သည်။ ဒေါက်တာလုသည်လည်း ထိုတစ်ဖက်ရှိ မျက်နှာတစ်ခြမ်းအပြည့် ဒဏ်ရာအမာရွတ်တွေနှင့် ပြည့်နေသည့် သူအားမြင်လိုက်ရပြီးနောက် စက္ကန့်ပိုင်းမျှ ကြက်သေသေနေရာမှ ချီလဲ့ရွမ်၏ စူးရှသောအော်ဟစ်သံကို ကြားလိုက်ရပြီးနောက်၊ မြန်ဆန်အရှိန်ဖြင့် ပြေးပေတော့သည်။ သူတို့ နှစ်ယောက်လုံး၏ စိတ်က ကြောက်ရွံ့မှုတွေဖြင့် ပြည့်နှက်နေပြီး၊ ပြေးမှဖြစ်မည်ဆိုသည့် အတွေးတွေသာကြီးစိုးနေပြီး အစောလေးတင်ကမှ တိုက်ခိုက်ဖို့အတွက် လက်နက်တွေရှာတွေ့ထားသည်ဆိုသည့်အဖြစ်ကိုပါ လုံးလုံးမေ့ပျောက်သွားပေသည်။

သနားဖို့ကောင်းစွာ ခန္ဓာကိုယ်သန်မာမှု လုံလောက်စွာမရှိသည့် ဒေါက်တာလုကတော့ ထိုလူသတ်သမားထက် ပိုမြန်အောင်ပြေးနိုင်ဖို့ဆိုသည်မှာ မဖြစ်နိုင်တော့ပေ။ ဒါကြောင့်သူက သူ့ရဲ့ ဖြစ်ပေါ်လာတော့မည့် နာကျင်ဖွယ်ကောင်းပြီး သွေးတွေဖြင့်ရွှဲစိုနေမည့် သေဆုံးခြင်းအတွက် စိတ်အား ပြင်ဆင်ထားလိုက်တော့ပေသည်။ သို့သော်ငြား ထိုလူသတ်သမားက သူ့ဆီသို့စက္ကန့်ပိုင်းမျှတောင် အာရုံမလာဘဲ၊ သူ့ကိုတိုက်ချသွားကာ ချီလဲ့ရွမ် နောက်သို့သာ ပြေးလိုက်သွားလေသည်။

ကြမ်းပြင်ပေါ်သို့ လဲကျသွားသော ဒေါက်တာလုတစ်ယောက်သည်တော့ လျှောက်လမ်း၏ တစ်ဖက်ခြမ်းသို့ ချီလဲ့ရွမ် နှင့် သူ၏အနောက်မှ လွှစက်ကြီးအားကိုင်လျက်ပြေးလိုက်သွားသော လူသတ်သမားတို့ ဝင်ရောက်ပျောက်ကွယ်သွားသည့် အချိန်အထိ ထိုမြင်ကွင်းအား နားမလည်နိုင်စွာ ကြည့်နေမိပေသည်။

ငါ ဒီအဖြစ်ဆိုးကြီးကနေ တကယ်ကြီး အသက်ရှင်နေခဲ့သေးတာလား?

အခြားတစ်ဖက်တွင်တော့ ချီလဲ့ရွမ် က သိသိသာသာကို ကံဆိုးလွန်းနေခဲ့သည်။ သူလက်ရှိ ကြုံတွေ့နေရသည့်အဖြစ်အပျက်က သူ့ဘဝတစ်လျှောက်လုံး၌ ကြုံတွေ့ခဲ့ရဖူးသည့် ဆိုးသည်ဆိုသည့်အဖြစ်အပျက်တွေထက် အဆပေါင်းများစွာ ပိုမိုဆိုးရွားပေသည်။
သူက သေခြင်းနဲ့ ရှင်ခြင်းကြား လူးလားပြေးနေရသည်။

Welcome to the nightmare game Waar verhalen tot leven komen. Ontdek het nu