အပိုင်း(၅)

27 7 0
                                    

အပိုင်း (၅) :
X city ၏ ပထမဆုံးသော ပြည်သူ့ဆေးရုံ (၅)

ကူညီလိုက်ရမလား? မသိချင်ယောင်ဆောင်လိုက်ရမလား?

ချီလဲ့ရွမ် တုန့်ဆိုင်းနေသည့်အချိန်မှာ ဒေါက်တာလု က ဝေဒနာ ခံစားနေရသည့် မိန်းကလေးအနားသို့ ချက်ချင်းပင် အပြေးသွားလိုက်သည်။ "မင်း အဆင်ပြေရဲ့လား? ဘယ်နားက နာနေတာလဲ?" သူက မေးမြန်းလိုက်သည်။

"ကျွန်မ ဗိုက်က.... ဖြစ်လောက်တယ်..." သူမက ပြင်းထန်တဲ့ ဝေဒနာကိုအံတုနေရရင်း စကားလုံးအချို့ကို ခက်ခဲစွာပြောလိုက်ပေသည်။ သူမ၏ မျက်နှာသည်လည်း သွေးရောင်ပင် ရှိမနေတော့ပေ။  "ကျွန်မ ကိုယ်ဝန်ပျက်ကျ တော့မယ်ထင်တယ်..."

သူတို့နှစ်ယောက်သား ထိုစကားကိုကြားလိုက်ရပြီးနောက် တစ်ကိုယ်လုံးအေးခဲသွားရသည်။ ချီလဲ့ရွမ်သည် ချွေးအေးများဖြင့် ရွှဲစိုနေပေသည်။ ထိုမိန်းကလေးက ဘတ်စ်ကားပေါ်မှာတုန်းကပင် ကလေးဖျက်ချပြီး ကလေးအလောင်းကို သူ့ကောင်လေးဆီ လက်ဆောင်အနေနဲ့ ပို့ပေးမယ်လို့ပင် ကျိန်‌ဆဲနေခဲ့သေးပေသည်။ ဒါပေမယ့် ဒီလို သရဲတွေနဲ့ပြည့်နှက်နေတဲ့ ဆေးရုံမှာ ကလေးပျက်ကျတော့မယ့်အဖြစ်အပျက် ကို  ကြုံရတာလောက် ဆိုးတဲ့အရာ ရှိဦးပါ့မလား... ဒါကြီးက the next level ရောက်နေပြီ! ဒါပေမယ့်လည်း ဒီအခြေအနေက ကွင်းဆက်လူသတ်သမားနဲ့ တူတူ ရှိနေရတာထက်ဆိုင်ရင်တော့ အဆင်ပြေပါသေးတယ်...

"မင်း... မင်း ကလေးကို မွေးတော့မှာတော့ မဟုတ်ဘူးမလား? ကလေး ကျန်းမာရေးကောင်းဖို့အတွက်ဆိုရင် မွေးဖို့က အချိန်မကျသေးဘူး... မင်းသာ သဘောတူရင် ငါမင်းကို Progesterone ဆေး ထိုးပေးမယ်။"
ဒေါက်တာလု က သူ့လူနာရဲ့ ခံစားချက်တွေအား ဂရုတစိုက်မေးမြန်းလျက်၊ ပရောဖက်ရှင်နယ် ဆရာဝန် တစ်ယောက်၏ ပုံရိပ်အား အပြည့်အဝ ထိန်းသိမ်းထားပေသည်။

‌မိန်းကလေးက ဒေါက်တာလုဆီ စူးစိုက်ကြည့်လိုက်ပေသည်။ သူမရဲ့ အကြည့်က ဒေါက်တာလုကို ထိုးဖောက်ပြီးတော့ ကြည့်နေသည်ဟုပင် ထင်ရနိုင်ပေသည်။
"ကလေးကိုမွေး.....? သောက်ကျိုးနည်း ဘယ်သူက သရဲတွေနဲ့ပြည့်နေတဲ့နေရာမှာ ကလေးမွေးချင်မှာလဲ!?"

Welcome to the nightmare game Where stories live. Discover now