အပိုင်း(၂)

61 11 1
                                    

အပိုင်း (၂)
X city ၏ ပထမဆုံးသော ပြည်သူ့ဆေးရုံ (၂)

ချီလဲ့ရွမ် တစ်ယောက် လူသေတစ်ယောက်အလား တိတ်ဆိတ်သွားပေသည်။

သူက လက်ရှိအခြေအနေကို မယုံနိုင်သေးဘဲ၊ မျက်လုံးအား ပွတ်လိုက်ပြီး ပိတ်လိုက်ဖွင့်လိုက် လုပ်ကြည့်ကာအရှေ့ကို သေချာပြန်ကြည့်လိုက်သည့် အခါ သူ့ကို အမူအရာကင်းမဲ့စွာဖြင့် စိုက်ကြည့်နေဆဲဖြစ်သော ထိုအရာအား ပို၍ပင် ရှင်းရှင်းလင်းလင်း မြင်လိုက်ရပေသည်။

ထို သရဲက အသက်ကြီးကြီး အဘွားအိုတစ်ဦး ဖြစ်ပုံရသည်။ သူမရဲ့ အဖြူရောင်မှိန်ဖျော့ဖျော့ ခန္ဓာကိုယ်ကြောင့် မျက်နှာအား ဝိုးတဝါးသာမြင်ရသော်လည်း၊ ထို ဖောက်ထွင်းမြင်နေရသည့် ခန္ဓာကိုယ်အပါအဝင် မျက်လုံးမရှိသော ဗလာသက်သက် သူငယ်အိမ် တို့ကိုပါ မြင်နေရခြင်းကြောင့်၊ အေးစက်တဲ့ ခံစားချက်ဟာ ပိုမိုပြင်းထန်လာပြီး တစ်ကိုယ်လုံးရှိ ‌မွေးညင်းနုလေး‌တွေက အစ ထောင်တက်လာသလို ခံစားရစေပေသည်။

အဲ့ဒိအရာက လှုပ်ရှားခြင်းတော့ မရှိပေ။

ချီလဲ့ရွမ် က ခြေတစ်လှမ်းကို ဖြေးညင်းစွာ ဆုတ် လိုက်ပေသည်။ အစောတုန်းက အတိုင်းပင် ထိုအရာက အနည်းငယ်မျှ မလှုပ်ရှားသွားချေ။

ထို တိတ်ဆိတ် ငြိမ်သက်နေသော အခန်းကြီးထဲ၌ တစ်ခုတည်းသော ကြားရသည့်အသံမှာ သူ့ရဲ့ မြန်ဆန်စွာခုန်နေသည့် နှလုံးခုန်သံသာ ဖြစ်သည်။

သူက ထို သရဲအဘွားကြီးရဲ့ အကြည့်တွေမှ ရှောင်နိုင်ဖို့ရန်အတွက် ကြိုးစားရင်း ခြေလှမ်းအနည်းငယ် အား ဖြေညင်းစွာ လှမ်းလိုက်ပေသည်။ ထို သရဲက သတ္တုခုံပေါ်တွင် နေမြဲတိုင်းသာ ရှိနေပြီး၊ ခန္ဓာကိုယ်မှ လှုပ်ရှားမှုတစ်စုံ တစ်ရာ မရှိသော်လည်း၊ သူ့ခေါင်းကတော့ ဖြေးညင်းစွာလည်သွားပြီး ချီလဲ့ရွမ် ၏ လှုပ်ရှားမှုတွေအား မျက်စိ ‌ဒေါက်ထောင့်ကြည့်နေပေသည်။ ချီလဲ့ရွမ် လှုပ်ရှားသည့်အတိုင်း သူ့ခေါင်းကို လိုက်လှည့်နေရာမှ ဂိတ်ဆုံး ၉၀ ဒီဂရီထိ လှည့်ပြီးသည့်နောက်တွင် ဆက်မလှည့်လာတော့ဘဲ ထိုအတိုင်း ငြိမ်သက်သွားလေသည်။

Welcome to the nightmare game Where stories live. Discover now