အပိုင်း ၈၉ / ၉၀

Start from the beginning
                                    

"ကိုယ်တော် ရှောင်ထုဇီကို ရှာနေတာ"

လဲ့ယောင်းယောင်းက ချက်ချင်း ခေါင်းမော့ကာ အေးစက်နေသော ငရဲမင်းနှင့် မျက်လုံးချင်းဆုံလိုက်သည်။

သူမကို ရှာနေတာလား။  ဘာအတွက်လဲ?

"အယ်?"

"ဒီမင်းသား ဗိုက်ဆာတယ်"

....

အိုး၊ ဒါကြောင့် ငရဲမင်းက ဗိုက်ဆာနေလို့ အဲဒီမှာ ရပ်နေတယ်ပေါ့

ဒါ​ပေမဲ့ သူ​ဗိုက်​ဆာ​နေ​ရင် သူ့​အတွက် သန်း​ခေါင်​စာ​ပြင်​ပေး​ဖို့ တခြား​အစေ​ခံ​တွေ​ကို လွှတ်​လိုက်​နိုင်​တယ်။  သူမကို ကိုယ်တိုင်ကိုယ်ကျ တစ်ခုခု ထပ်ပြီး ပြင်ဆင်စေချင်တာလား။

"ဟာဟား၊ အကိုကြီးသာ မပြောရင် ကျွန်တော်လည်း ဗိုက်ဆာနေပြီဆိုတာ သိမှာ မဟုတ်ဘူး။  ပြီးပြည့်စုံတယ်။ကျွန်တော် ရေချိုးပြီးပြီ။  ရှောင်ထုဇီ သွားပြီးတော့ သန်းခေါင်ယံ သရေစာ ပြင်ဆင်ပါ။  မှတ်ထားနော်  များများလုပ်လာခဲ့”  နန်ကုန်းကျင်းရှီက တုန်ယင်နေသည်။

“အမ်…..”  နန်ကုန်းကျင်းရှီက သူမကို သူတို့ကြားတွင် ဘာမှမဖြစ်သကဲ့သို့ အရှက်မရှိ ချုပ်ကိုင်ထားပုံကို မြင်လိုက်ရသဖြင့် လဲ့ယောင်းယောင်းက သက်ပြင်းမချပဲမနေနိုင်တော့ပေ။  ဒီလို ထူထဲတဲ့ အသားအရည်ကို ဘယ်လိုမျိုး ပိုင်ဆိုင်နိုင်တာလဲ။  သူနဲ့ ယှဉ်နိုင်တဲ့သူ မရှိတာတော့ သေချာတယ်။

ငရဲမင်းက သူ့စကားနှစ်ခွန်းကို ပြောပြီးနောက် ယဖန်းကောဆီ ပြန်သွားခဲ့သည်။  နန်ကုန်းကျင်းရှီလည်း လိုက်သွားသည်။  ငရဲမင်းက သူ့ပုံမှန်အမူအရာမဟုတ်ကြောင်း သူသဘောမပေါက်ခဲ့ပုံရသည်။

တစ်ဖက်တွင်မူ ဆင်းရဲသား လဲ့ယောင်းယောင်းက အနည်းငယ် ပုံမှန်မဟုတ်သော သခင်နှစ်ဦးအတွက် ညသန်းခေါင် သရေစာပြင်ဆင်ဖို့ မီးဖိုချောင်ဆီ သွားခဲ့ရသည်။

သို့သော် ညဉ့်နက်ပြီ။  လဲ့ယော​င်းယောင်း မီးဖိုချောင်ထဲရောက်သွားတော့ ဘေးပတ်ဝန်းကျင်မှာ ဘယ်သူမှမရှိတော့ဘူး။  ဒါပေမယ့် မီးလောင်မှုဖြစ်ပွားပြီးကတည်းက သူမကိုယ်တိုင် ချက်ပြုတ်ဖို့ အရမ်းကြောက်ခဲ့သည်။  ထို့ကြောင့် လဲ့ယောင်းယောင်းက ရှောင်မုဇီကို ကူညီခိုင်းဖို့ သွားခဲ့သည်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေး { Unicode } [Myanmar Trans ]Where stories live. Discover now