Part [1]🌺

1.7K 41 1
                                    

ကောင်းကင်မှနေရောင်ခြည်များက လူသားတို့နေထိုင်ရာ ကမ္ဘာမြေပေါ်သို့ တစ်စတစ်စဖြာကြ၍ အစွမ်းကုန်တောက်ပဖို့အရှိန်ယူနေပါသည်။

မိုးသောက်အလင်းရောင်အနည်းငယ်မျှ‌ကျရောက်နေသောလဲ သာချောင်းမြို့ကြီးရှိ မြို့သားများသည် နိုးထကုန်ကြ၍ တစ်နေတာရဲ့ဝေယျာဝေစများကို စတင်လုပ်ကိုင်ကြတော့သည်။

သာချောင်းမြို့ကြီးအမည်မှာ ရွာအမည်ဆန်တယ်လို့ ထင်ရပါသည်။အမှန်တစ်ကယ်တော့လည်း ရွာကြီးကနေ ဖြစ်တည်လာတဲ့ မြို့ရွာကလေးပါဘဲ။အရင်ကလမ်းပန်းဆက်သွယ်ရေးတွေမကောင်တဲ့ ရွာငယ်လေးက အခုဆို မြန်မာပြည့်ရဲ့ပို့ကုန်သွင်းကုန်တစ်ဝက်ကို ဒီသာချောင်းမြို့ကြီးက အထိက ထားတင်ပို့ပေးကြရသည်။ ဒါကြောင့် သာချောင်းမြို့ကြီးကလဲ အရေးပါအရာရောက်ခဲ့သော မြို့တစ်မြို့ဖြစ်လာပြီးတစ်စတစ်စဖွံ့ဖြိုးတိုးတက်လာ‌ေသာ ရွာ‌လေးကနေ မြို့အဖြစ်ကူးပြောင်းလာခဲ့ သည်မှာ ကြာညောင်းလာခဲ့ပါသည်။ ရွာဖြစ်ခဲ့တုန်းက ချောင်းကြီးကို အဓိကထားသုံးဆွဲခဲ့၍ သာချောင်းရွာလို့အမည် တွင်သွားခဲ့၏။ မြို့အဖြစ်ကူးပြောင်းသွားသောလည်း ရှိရင်းဆွဲအမည်ကိုသာခေါ်တွင်စေခဲ့သည်။

သာချောင်းမြို့ကြီးတွင် နေထိုင်သော
(ထွန်းသစ်စရက်ကွက်)ရှိ ပေ၃၀ ခြံဝင်းရှိ အိမ်ရှေ့တွင် နှစ်ချို့သပြေပင်ကြီးရှိ၍ ဘေးပတ်များတွင်းလဲ သစ်ပင်ပန်းပင်ဘုစုခရုစုလေးများစိုက်ပျိုးထားသည်။ အိမ်မှာနှစ်ထပ်တိုက်လေးကို မြင်သူတိုင်းမျက်စိအေးချမ်း‌ပြီးနေချင်စရာကောင်းအောင် ဆောင်လုပ်ထားပုံမှာ ဆောင်လုပ်သူရဲ့စိတ်ရှည်မူနဲ့စေသနာပါမူများကို မပြောလဲတွေ့မြင်ရပါသည်။ အိမ်ကြီးရဲ့အနောက်ဘက်မှာတော့ ခရေပင်ကြီးထီးထီးမားမားတစ်ပင်ရှိပါသည်။

သူရိန်ထွန်းမောင်တစ်ယောက် 6ခွဲဆို အမြဲနိုးတက်သည်။နာရီကြောင့်အိပ်ချင်နေတဲ့ မျက်လုံးကို ပြူးပြဲထကာ တစ်ချက်အကျောအချင်ဆန့်၍ နာရီဘဲကိုပိတ်ပြီး ရေချိုးရန် ရေချိုးခန်းထဲသို့ ဝင်သွား၏။

တစ်နေတာအလုပ်များကို လုပ်ဆောင်ရပေအုံးမယ်မဟုတ်လား။

∆~∆~∆~∆~∆~∆~∆~∆~∆~∆~∆~∆~∆

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 [BL]Where stories live. Discover now