၀မ်ရိလင်းက ရိပေါ်ကို ရှောင်းကျန့်အား ကျောင်းအပို့အကြို လုပ်စေချင်သည်။
Cardriverအသစ် ထပ်ငှါးရင် အပိုအလုပ်ဖြစ်စေပြီး ၀မ်ရိလင်းက သားဖြစ်သူကလွဲရင် ဘယ်Cardriverကိုမှ မယုံကြည်ပါ။

ရိပေါ် ဒယ်ဒီ့အား စိတ်လေသလို ကြည့်လိုက်မိသည်။
ကိုယ့်သားအရင်းကို CarDriverအဖြစ်ထားဖို့ ဘယ်ကနေ စိတ်ကူးတွေရလာတာပါလိမ့်။

မွေးကတည်းက ပိုးမွေးသလို နေလာခဲ့ရသည့်ရိပေါ်ဟာ မာမီဆုံးသွားပြီးနောက်ပိုင်း အရင်လို ဂရုစိုက်မခံရတော့တာသလို
၁၈နှစ်မပြည့်သေးသည့် ခလေးငယ်က ကျောင်းသွားရင်လဲ တစ်ယောက်တည်း ဆိုက်ကယ်စီးသွားရပြီး ဆိုက်ကယ်မှောက်လို့ ထိခိုက်ဒဏ်ရါရရင်တောင် ဆေးထည့်ပေးမည့်သူမရှိ။

ထို့ကြောင့် ရိပေါ်က အရမ်းဥစ္စာခြောက်ပါသည်။
သူ့ရဲ့ကိုယ်ပိုင်ပစ္စည်းတွေကို၊ အထူးသဖြင့် ဆိုက်ကယ်နှင့်ကားကို ဘယ်သူမှထိကိုင်တာမကြိုက်၊ သူကိုယ်တိုင်ပဲ သန့်ရှင်းရေးလုပ်သည်။
တခြားလူမပြောနှင့် ဒယ်ဒီ့ကိုတောင် ကားပေါ်တင်ခေါ်တာမဟုတ်။

မနေ့တုန်းကမှ ဒယ်ဒီ့ဆန္ဒကြေါင့် ရှောင်းကျန့်ကို သူ့ကားနှင့်တင်ခေါ်ပြီး ဆေးတက္ကသိုလ်အထိ ကိုယ်တိုင်လိုက်ပို့ခဲ့တာ။

ဒါကလဲ တစ်ခါတစ်လေမို့ ရိပေါ်က လိုက်ပို့ပေးတာ၊ ဒယ်ဒီက သူနဲနဲလေး လိုက်လျောမိတာနဲ့ နောက်တစ်ခု ထပ်ခိုင်းဖို့လုပ်နေ၏။

"မ လုပ် နိုင် ဘူး"

"မလုပ်နိုင်လဲ လုပ်ပေးရမယ်ကွာ..
ရှောင်းကျန့်က ရိရိမွေးစာထားတဲ့သား၊အဲ့တော့ရိရိသားရဲ့ကိစ္စအကုန် ရိရိပဲတာ၀န်ယူရမယ်"

အခန်းတံခါးဖွင့်ထားတာကြောင့် ၀မ်ရိလင်းအသံက အပေါ်ထပ် တစ်ခုလုံးကို စိုးမိုးသွားသည်။
ဒီအသံကို ၀ရံတာဘက် ထွက်ကာ ပန်းချီဆွဲနေသည့်ရှောင်းကျန့်လဲ သူ့နာမည်ကို တစ်စွန်းတစ်စ ကြားလိုက်တာမို့ သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

"မဟုတ်သေးဘူးလေ ဒယ်ဒီ...
ရှောင်းကျန့်က ကျွန်တော့်သားဆိုတာဟုတ်တယ်လေ
ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင် လိုလိုလားလား မွေးစားချင်တာမှမဟုတ်တာကို...
ဒယ်ဒီ့ဆန္ဒကြေါင့်
ဒယ်ဒီ့ရောဂါကြောင့်သာ
ကျွန်တော့်ထက် သုံးနှစ်ပဲငယ်တဲ့ရှောင်းကျန့်ကို
မဖြစ်မနေ မွေးစားလိုက်ရတာ ....
ပြီးတော့ ဒယ်ဒီက ကျွန်တော့်ခွင့်ပြုချက်မပါဘဲ
ရှောင်းကျန့်ကို 'ကျွန်တော်က မွေးစားချင်တယ်'
လို့ပြောခဲ့တာလေ "

Dear Medical Student[Completed]Where stories live. Discover now