ထိုအခါမှ တွေဝေသွားကာ ခေါင်းကိုရမ်းရင်း

"မထင်ပါဘူး မမှတ်မိလို့မေးတာ"

မိအေးမှာ အခုမှသက်ပြင်းချနိုင်တော့သည်။
မမလေးကျေးဇူးကိုလည်းသိပါတယ်။
မမလေးကိုလည်း မေတ္တာရှိပါတယ်။
သစ္စာဖောက်မိတာကိုတော့ မိအေးကိုခွင့်လွှတ်ပါ။
မိအေးမှာ မမလေးဘေးနားနေရင်း မမလေးအား စိတ်ထဲမှ တတွင်တွင်တောင်းပန်နေရတော့သည်။

"လမ်းထိပ်က မုန့်ဟင်းခါးဆိုင်ဖွင့်တယ်မလား.... သွားစားရအောင်"

"ရှိတယ် ဘေးမှာဝက်သားတုတ်ထိုးဆိုင်ပါထွက်သေးတယ် မမလေး"

"သွားမယ် သွားမယ်"

လွှာသည် တီလေးဆီ မုန့်ဖိုးပြေးတောင်းရင်း မိအေးနဲ့လမ်းထိပ်သို့ထွက်လာတော့သည်။ကြက်ဥ ပဲကြော် ငါးဖယ်တို့ထည့်ထားသောမုန့်ဟင်းခါးပူပူလေးကို အချဥ် အငံ ငရုတ်သီးထည့်ကာအားရပါးရစားလိုက်သည်။
ဘူးသီးကြော် တပွဲပါမှာကာ စားနေပြီး ဘေးပတ်ဝန်းကျင်ကိုပါ မေ့သွားတော့သည်။

ထို့နောက် မုန့်ဟင်းခါးဆိုင်ဘေးက ဝက်သားတုတ်ထိုး ဆိုင်ပါဝင်ရင်း ဝက်သားတုတ်ထိုးချောင်းတွေကို ဆော့စ်ချဥ်ထဲနှစ်ကာ စားလိုက်သည်။

"ဝါး!!ဦးလေးလက်ရာက ပိုတောင်ကောင်းလာသေးတယ်"

"ဟုတ်တယ်...ဟုတ်တယ်"

မိအေး၏ပြောစကားကို လွှာကဝင်ထောက်ခံကာ ဝက်သားတုတ်ထိုးကို တခုပြီးတခုယူစားတော့သည်။
ထို့နောက်ပိုက်ဆံရှင်းကာ အိမ်ဘက်သို့ ပြန်လျှောက်လာကြသည်။

"မမလွှာ!! မမ"

လွှာတို့ ရက်ကွက်ထဲက ဖိုးသားဆိုသည့် လက်တောက်လောက်လေးက နှင်းဆီပန်းစည်းလေးကိုကိုင်ကာ တလိမ့်လိမ့်ပြေးလာသည်။

"မမအတွက်"

"ဖိုးသား...ဒါဘယ်သူကပေးတာလဲ"

"အကိုကြီးတစ်ယောက်ပဲ... သားသွားတော့မယ် မုန့်ဖိုးငါးထောင်ရပြီ"

ပိုက်ဆံငါးထောင်ကို သူ့ဘောင်းဘီအိတ်ထဲထည့်ကာမြောက်ကြွမြောက်ကြွနဲ့ထွက်သွားတော့သည်။
လွှာသည် လက်ထဲကပန်းစည်းလေးအား ဇဝေဇဝါဖြင့်ကြည့်ရင်း ကျန်ခဲ့တော့သည်။
မိအေး၏ ပြုံးစိစိမျက်နှာကိုတော့ မသိချင်ယောင်ဆောင်ထားလိုက်သည်။

My missing partDonde viven las historias. Descúbrelo ahora