Part 36

19.7K 610 49
                                        

"-ီးဖြစ်လို့ ဖုန်းကိုခဏခဏဆက်နေရတာလား"

စစ်မက်နေလတို့တသိုက် သတိုးလရောင်၏ ကွန်ဒိုမှာ မူးရူးပြီးခွာပြဲနေတုန်း ဘေးမှ
နှမဘေးမာန်မင်းရွှေ ၏အသံကြောင့် အမူးပြေသွားရသည်။
ဖုန်းစပီကာကိုဖွင့်ထားတာကြောင့် တဖက်က
မိုက်ကယ်တင်ထူး၏ အသံကထွက်ပေါ်လာသည်။

"Birthday partyလေးဖိတ်မလို့ကို ရွှေကလည်း"

"မလာနိုင်ဘူး သူတောင်းစား"

"ငါက ပြင်ဦးလွင်ခြံမှာ အမိုက်စားလုပ်မှာနော် ပြီးမှနောင်တမရနဲ့ လူနည်းနည်းလေးနဲ့ privateဆန်ဆန်လုပ်မှာ လွှာတို့သုံးယောက်ရယ် ဦးတင်ထူးတို့လင်မယားနဲ့ နင်တို့ပဲ မလာလည်း..လည်း"

"ဟေ့ကောင်.... ဘယ်သူ ဘယ်သူလို့ပြောလိုက်တာလဲ"

နွားသိုးကြိုးပြတ်ပေါ်ထွက်လာသည့် အသံသည်ကားစစ်မက်နေလသာဖြစ်သည်။

"ဦးတင်ထူးရောပါမယ်လို့"

"လွှာပါမှာလား"

"နင့်ရည်းစားဟောင်းလား..
သူလည်းလာမှာပဲ"

လွှာပါလာမယ် ဆိုသောကြောင့် စစ်မက်နေလ ၏မျက်နှာသည် မျောက်အုန်းသီးရသကဲ့သို့ဖြစ်သွားတော့သည်။သို့သော် စိုက်ကြည့် နေသော မာန်မင်းရွှေကြောင့် အိန္ဒြေဆယ်လိုက်ရကာ

"အဟမ်း! မွေးနေ့ကဘယ်နေ့လဲ"

မာန်မင်းရွှေမှာ နားရင်းကိုထအုပ်လိုက်ချင်သော်လည်း စပီကာဖွင့်မိသည့် မိမိ၏အမှားသာ ဖြစ်တာမို့ မျက်စိကိုမှိတ် သက်ပြင်းချကာ စိတ်ကိုလျော့လိုက်ရသည်။

စစ်မက်နေလသည် ဒီနေ့အတွက်မိုးချုပ်စပြုနေပြီ ဖြစ်တာကြောင့် သတိုး၏ကွန်ဒိုကနေ ကားမောင်းကာ ပြန်လာခဲ့သည်။
လမ်းမှာ Clubတခုကိုဝင်ကာ လင်းနေခအား သတိုး၏ကွန်ဒို၌ လင်းနေခကျန်ခဲ့သည့် ဖုန်းအားဝင်ပေးပြီး အပြန်တွင် သက်လျာမောင်
နှင့်စေ့စပ်ထားသည့်သက်ပိုင်နောင်မှာ ပြာယာခတ်နေတာကိုမြင်လိုက်ရတာကြောင့်
ထိုနားသို့သွားမိတော့ စစ်မက်နေလ၏ချစ်လှစွာသော ကောင်မလေးအားထပ်မြင်လိုက်ရသည်။

Thanks god!ဘယ်လိုတိုက်ဆိုင်မှုလဲ။
စစ်မက်နေလမှ ဖုန်းကျန်ခဲ့သည့်လင်းနေခအား ထိုင်ကန်တော့ချင်စိတ်ပေါက်သွားသည်။

My missing partWhere stories live. Discover now