Part-9

20.2K 524 23
                                        

"သူတောင်းစား!!မြန်မြန်လုပ်ဟ...ဒီလောက်ကြာရလား"

"ထားခဲ့လိုက်တော့...အဲ့ကောင်ကို"

မာန်မင်းရွှေ၏ရေချိုးခန်းတံခါးရှေ့တွင်ထွဋ်မြတ်သွေးနှင့်စစ်မက်နေလကလက်ပိုက်ရပ်ကာပြစ်ပြစ်နှစ်နှစ်ဝေဖန်နေကြခြင်းဖြစ်၏။ဒီနေ့သံတွဲမှာရှိတဲ့ဘုရားတွေဆီသွားဖို့လုပ်ထားတာဖြစ်သည်။မနက်စောစောသွားဖို့အကုန်ပြင်ပြီးကာမှသတိုးလရောင်ရဲ့မပြီးနိုင်တဲ့ကိစ္စကပေါ်လာ၏။

"လာမယ်ဟ...ငါလိုးမသားတွေရ.."

"လုပ်...ဟေ့ကောင်!! မြန်မြန်"

စစ်မက်နေလနှင့်ထွဋ်မြတ်သွေးမှာသတိုးလရောင်ကိုပုဆိုးပါကောက်စွပ်ပေးလေသည်။

"ရော့...စစ်...ကားသော့"

resortကိုစီစဥ်ခိုင်းထားသည့်ကားနှစ်စီးက အခန်းရှေ့အသင့်ရောက်နေကာမာန်မင်းရွှေက ကားသော့တစ်ခုကိုစစ်မက်နေလအားပေးလေသည်။

"စစ်..."

စစ်မက်နေလမှာမပြီးသေးသည့်သတိုးလရောင်အားပြောဆိုရန်ပြင်ပြီးမှခေါ်သံလေးကြောင့်အသံလာရာကိုကြည့်လိုက်မိငည်။
နက်ပြာရောင်ဘာအပွင့်အဖတ်မှမပါသည့်​ရင်ဖုံးနှင့်ထဘီဝမ်းဆက်လေးဝတ်ထားသောစိန်လွှာလင်းထည်ကစစ်မက်နေလ၏အမြင်အာရုံထဲတိုးဝင်လာလေသည်။လက်ထဲမှာပုဝါဖြူဖြူလေးတစ်ခုကိုကိုင်ထားကာခြေတစ်လှမ်းလှမ်းတိုင်းထဘီအကွဲလေးမှ ခြေထောက်ဖြူ​ဖြူလေးကထွက်ပေါ်လာတတ်၏။မျက်ဝန်းညိုညိုလေးတွေကနေရောင်ခြည်အောက်မှာအရောင်တောက်နေကာသွားဖြူဖြူလေးများပေါ်အောင်ပြုံးနေလေသည်။စစ်မက်နေလ၏လက်ကိုလာတွဲကာဘေးနားမှာလာရပ်တာကြောင့်စစ်မက်နေလမှစိန်လွှာလင်းထည်၏လက်ကလေးကိုပြန်လည်ဆုပ်ကိုင်ထားလေသည်။

ပုဆိုးနှင့်မမြင်ဖူးသည်မို့စိန်လွှာလင်းထည်၏မျက်လုံးကလေးများကစစ်မက်နေလဆီမှမခွာတော့ပေ။
လွှာကသံတွဲမှာဘုရားသွားဖူးရအောင်လို့ပြောတော့စစ်ကညတွင်းချင်းစီစဥ်ပေးလေး၏။သက်လျာကတော့နေသိပ်မကောင်းတာဖြစ်ပြီးဂျူလီကအသည်းကွဲနေတယ်ဆိုကာလိုက်မလာသောကြောင့်ကယ်ကယ်သာပါလာ၏။

My missing partWhere stories live. Discover now