"အယ်....အလစ်တဲလေးပါ တီလေးရဲ့
အာ့....လွှာခေါင်းတွေကိုက်လာပြီ"

တီလေးဆူတော့မှာကြိုသိနေတာကြောင့် အဒေါ်ဖြစ်သူအား ဖက်ကာ ချွဲရတော့သည်။
ထိုအခါတီလေးက လွှာ့လက်မောင်းအား
ဖတ်ခနဲ ရိုက်ကာ

"ခဏလေး ခေါင်းကြည်အောင် သံပုရာရည်ဖျော်ပေးမယ် မျက်နှာသစ်တော့"

"ဟုတ်"

တီလေး အခန်းထဲကထွက်သွားမှ ရေချိုးခန်းထဲဝင်ကာ သွားတိုက်ပြီး တခါတည်းရေပါချိုးလိုက်တော့သည်။
ဆောင်းတွင်းမို့ ရေနွေးနဲ့ချိုးသော်လည်း အကြာကြီးမချိုးရဲတာမို့ မြန်မြန်ချိုးလိုက်ရသည်။
ထို့နောက် hoodieအဝါရောင်လေးအား ဘောင်းဘီတိုအဖြူလေးနှင့်တွဲဝတ်ကာ ဆင်းလာခဲ့သည်။

"တီလေးရေ..."

"အော်မနေနဲ့! လာ... ဒီမှာသံပုရာသီးနဲ့ပျားရည်ဖျော်ထားတာ သောက်လိုက်"

"ဟာ...တီလေးကလည်း ပျားရည်ကြီးမကြိုက်ပါဘူးဆို"

"အရက်နာကျနေလို့တိုက်တာ လျှာမရှည်နဲ့ သောက်ဆိုသောက်"

ထိုအခါမှ ဆူပုတ်ပုတ်ဖြင့်ယူသောက်လိုက်ရသည်။

"အေးပါတယ်ဆို ဘောင်းဘီတိုကဝတ်ထားပြန်ပြီ အအေးပက်မယ်"

"ကဲ...အပျိုကြီးကလည်း အရမ်းပြဿနာရှာတာပဲ
အဲ့ဒါကြောင့် အပျိုကြီးဖြစ်နေတာ"

"ဟယ် ငါ့ကိုများ.."

စောစောစီးစီး ပွစိပွစိပြောနေသော အဒေါ်ဖြစ်သူအားစနောက်ပြီး ခြံအပြင်သို့ထွက်ပြေးလာခဲ့သည်။
ထို့နောက် ပန်းပင်တွေနားငူပ်တုပ်ထိုင်နေသည့် မိအေးအနားသို့သွားကာ ရောယောင်ထိုင်ရင်း

"မိအေး"

"ရှင့် မမလေး"

"မနေ့က ငါ့ကိုဘယ်သူပြန်ပို့တာလဲ သက်လျာလား"

"အဲ...ဟို...ဟုတ်..ဟုတ်တယ်လေ မမလေး"

မိအေးက ထစ်ငေါ့ထစ်ငေါ့နှင့်ဖြေနေတာမို့ လွှာမှအလိုမကျစွာဖြင့် မျက်မှောင်ကိုကျုံ့ကာ

"သေချာလို့လား"

"ဟု...ဟုတ်ပါတယ်ဆို မမလေးကလည်း
ဘယ်သူလာပို့တယ်ထင်လို့လဲ"

My missing partWhere stories live. Discover now