"စစ်မက်နေလမျက်လုံးတွေက ကြယ်တွေလိုပဲလက်နေရော အဲ့ဒီဘက်ပဲတူတူပဲ"

စစ်မက်နေလ၏မျက်လုံးတို့အား ရည်ရွယ်ကာ​ပြောလာပြီး ယမကာကြောင့် သူမ၏မူးဝေဝေမျက်လုံးလေးတွေသည် စစ်မက်နေလအား စိုက်ကြည့်နေလေသည်။ စစ်မက်နေလသည် ပါးပြင်နုနုလေးအား အုပ်ကိုင်ကာ နှုတ်ခမ်းဖူးဖူးလေးတစုံအား တွေဝေခြင်းမရှိ ဆုပ်ယူနမ်းရှိုက်လိုက်သည်။
တုံ့ပြန်မှုမရှိ ငြင်းဆန်းမှုလည်းမပါသည့် အနမ်းတို့ကြားတွင် ငြိမ်သက်နေလေ၏။

ကြယ်ရောင်တို့လက်နေသော ကောင်းကင်အား တိုင်တည်ကာ စစ်မက်နေလ၏ အလိုချင်ဆုံးဆန္ဒတစ်ခုအား တောင်းလိုက်သည်။

ဒီကောင်မလေးအား တသက်လုံးပိုင်ဆိုင်ပါရစေလို့...။
.
.
.
.
.
.
ခေါင်းထဲမှ တဆစ်ဆစ်ကိုက်ခဲနေသော ဝေဒနါက နိုးနိုးချင် ရန်ရှာလာတော့သည်။ ခေါင်းကိုဖိကာ ထလာရင်း မျက်နှာကလဲရှုံ့တွနေတော့သည်။
မျက်လုံးက ​ဖွင့်မရသေးခင်မှာ ညကဘယ်လောက်များသောက်ခဲ့တာလဲဟု စဥ်းစားမိတော့သည်။

***ရှင့်ကို စီးမယ်***

***စစ်မက်နေလနဲ့တူတယ်***

"ဟင်"

နားထဲစကားသံတချို့ ကြားယောင်လာတော့ အိပ်ချင်တာရောခေါင်းကိုက်တာပါ ပြယ်သွားပြီး မျက်လုံးပြူးသွားရသည်။
ဘာတွေလဲ!မျက်လုံးထဲ လွှာ့အားပြုံးပြနေသော သူ့မျက်နှာအားမြင်ယောင်လာတော့ ကြက်သီးတွေပါထသွားရသည်။
ခေါင်းကိုအသားကုန်ရမ်းကာ

"မဖြစ်နိုင်ပါဘူး.....
ကျစ်!!ဘာလို့မမှတ်မိတာလဲဟာ"

တစ်ခုမှမမှတ်မိသည့် ကိုယ့်ကိုကိုယ်အားမလိုအားမရ ဖြစ်ကာ ခေါင်းကိုထုရင်း စဥ်းစားသော်လည်း မမှတ်မိပါ။ထို့ကြောင့် စစ်ကူခေါ်ရန်ဆုံးဖြတ်လိုက်ပြီး

"မိအေး..!!"

"မိအေးရေ...!!"

"ဟဲ့....သမီး ဘာလို့အော်နေတာလဲ စောစောစီးစီး"

မိအေးကိုအော်ခေါ်ပေမယ့် တီလေးကအခန်းထဲသို့ဝင်လာကာ လွှာ့ဘေးမှာလာထိုင်ပြီး ပြောလာသည်။

"တီလေး မနေ့ညက လွှာဘယ်လိုပြန်လာတာလဲဟင်"

"ဟောတော်...အဲ့ဒါတော့တီလေးမသိဘူး
တီလေးပြန်ရောက်တော့ လွှာလေးက အိပ်တောင်နေပြီ....
နေပါဦး....ညည်းညကဟာတောင်မမှတ်မိရအောင် ဘယ်လောက်တောင်သောက်လာလဲပြောစမ်း..."

My missing partDonde viven las historias. Descúbrelo ahora