ထို့နောက်စစ်မက်နေလ၏ ကျောပြင်ပေါ်သို့ ထိကပ်လိုက်သည့် အထိအတွေ့နှင့်အတူ လည်ပင်းအား သိုင်းဖက်က်လာသည့် လက်ကလေးတစုံကြောင့် ပြုံးမိသွားရတော့သည်။
စစ်မက်နေလသည် တွဲခဲ့ဖူးသည့်မိန်းကလေးတွေအား တခါမှလုပ်မပေးခဲ့ဖူးသော ကုန်းပိုးသည့်အလုပ်အား ဒီအမူးသမားလေးနဲ့မှလုပ်ရတော့သည်။
မူးနေသောကြောင့်ဖြစ်မည်ထင်သည်။စစ်မက်နေလ ကျောပိုးထားသည့်အတိုင်းသူမကငြိမ်ငြိမ်လေး ပါလာခဲ့၏။
သူမ၏ဝင်သက်ထွက်သက် လေနွေးနွေးလေးတွေက စစ်မက်နေလ၏ပုခုံးထက်သို့ ကျီစယ်နေ၏။
ကလပ်ကနေထွက်လာသည့် လမ်းတစ်လျှောက်လုံး
သူမစိတ်တိုင်းကျကျောပိုးလာခဲ့ရသည်။
"မူးလာပြီ ချပေးတော့"
မူးပြီးအိပ်သွားပြီဟုထင်ခဲ့ပေမယ့် အသံလေးထွက်လာကာ အတင်းဆင်းတော့တာမို့ စစ်မက်နေလမှ ချပေးရတော့သည်။
သို့သော် highheelစီးထားသည့် သူမကခြေထောက်လေးများပင်ရဲနေကာ လမ်းလျှောက်ဖို့ အဆင်မပြေနိုင်တာမို့အနားမှာရှိသည့် အုတ်ခုံတခုပေါ်ကို ထိုင်စေလိုက်သည်။
ထို့နောက်စစ်မက်နေလမှ သူမ၏ရှေ့မှာထိုင်ချလိုက်ကာ သူမ၏ခြေထောက်ဖြူဖြူလေးများအား စစ်မက်နေလ၏ပေါင်ပေါ်ဆွဲတင်ကာ highheelအဖြူရောင်လေးကိုချွတ်ယူလိုက်သည်။
သူမက စစ်မက်နေလလုပ်သမျှကို မျက်တောင်မခတ်လိုက်ကြည့်နေတော့သည်။
ဘယ်လောက်တောင်မှသောက်ထားထဲမသိပါ။
ပါးလေးများပင်ရဲနေပြီး တိုက်ခတ်နေသည့်လေကပါအေးတာမို့ နှာသီးထိပ်ကလေးများကပါ နီနေတော့၏။
မျက်ဝန်းညိုညိုလေးတွေက စစ်မက်နေလအား အတန်ကြာငေးကြည့်ကာ ဆိုလာသည်ကား
"စစ်လား?"
"စစ်"ဆိုတဲ့ခေါ်သံ မကြားရတာ ဘယ်လောက်တောင်
ကြာပြီလဲ?
ကိုယ်အိမ်မက်မက်နေတာမဟုတ်ဘူးပဲ။
"စစ်မက်နေလနဲ့တူလိုက်တာ....."
သူမက စစ်မက်နေလအားပြောနေတာမဟုတ်ပဲ သူမကိုယ်သူမပြောနေသည့်နှယ် ခပ်တိုးတိုးရေရွတ်နေ၏။
"ဒါပေမယ့် ရှင်ကပိုချောတယ်"
အညိုရောင်မျက်ဝန်းလေးသည် ကြယ်တွေတစနှစ်စလက်နေပြီဖြစ်သော ကောင်းကင်ကြီးအားမော့ကြည့်ကာ ငေးရီသွားတော့သည်။
ထို့နောက် အယ်လ်ကိုဟောတန်ခိုးကြောင့် မူးဝေဝေဖြစ်နေသော မျက်ဝန်းလေးတွေက စစ်မက်နေလထံသို့ ပြန်လည်ရောက်ရှိလာကာ
Part 36
Start from the beginning
