Chapter1(Unicode+Zawgyi)

ابدأ من البداية
                                    

ခပ်သွက်သက်ခြေလှမ်းတွေနဲ့ချစ်သူငယ်ချင်းနားကိုအရောက်သွားခဲ့ပေမဲ့အနားရောက်တော့ချွေးစီးတွေပင်ထွက်လို့....

ကြောက်ပါသည်...စိတ်မထင်ရင်မထင်သလိုသောင်းကျန်းတတ်တဲ့ဒင်းကို......

'အဟင်း.....ဟိတ်ရောင်......ငဖြိုး....'

တချက်နှိုးတယ်...ဦးထုပ်ငိုက်ငိုက်စောင်းထားတဲ့သူကဦးထုပ်လျှာကိုအောက်သို့ဆွဲချရင်းထပ်အိပ်ဖို့ပြင်နေတာကြောင့်ဒုတိယတစ်ကြိမ်နှိုးမိတော့ ဗြုန်းကနည်းမျက်လုံးပွင့်လာပြီးရလာတာကသူ့စီကမျက်စောင်းတစ်ခု....

'အဟဲ....နိုးပြီးမလား...ထတော့လေသူငယ်ချင်းရယ်...ရောက်ပြီကွ....'

'မနိုးသေးဘူး...'

'အဲ...ဟင်.....မနိုးသေးတဲ့သူကစကားပြန်ပြောသလား...?'

'ကျစ်.....'ဆိုတဲ့အသံနဲ့တင်ကျွန်တော်ကြက်သီးမွှေးညှင်းတွေထရသည်အထိငယ်သူငယ်ချင်းကိုကြောက်ရပါသည်....

သေချာသည်....ဒါသူအလိုမကျဖြစ်နေတာပင်....

'သူငယ်ချင်းလေး...မင်းအိပ်ချင်သေးတယ်ဆိုရင်လည်းဟိုတယ်ရောက်မှပြန်အိပ်လေ..ခုကကားမောင်းသမားကြီးသူလည်းကားတွေဘာတွေသိမ်းရဦးမယ်လေကွာ.....'

'သူ့ဘာသာကားသိမ်းတာဘဲငါ့အရေးလား...'

'သူငယ်ချင်းကအကောင်လိုက်ကားပေါ်ထိုင်နေတုန်းလေ...သူကဘယ်လိုကားသိမ်းမတုန်း...'

'ဟင်း...ရှုပ်ယှက်ကိုခက်နေရော.....ကျစ်.....'

'ဟဲ..ဟဲ.....ထတော့နော်...'

'နေဦး...'

'ဟင်...'

'ဒါကဘယ်ကိုရောက်နေတာလဲ....?'

'ပု...ပုဂံလေ.....'

'ဘာ!!!'

'အမလေး...ဖြည်းဖြည်းပြောလည်းရပါတဘ်...ဘာလို့အသားကုန်အာခေါင်ခြစ်အော်ရတာလဲကွာ....လန့်လိုက်တာ...'

'လန့်ရင်သေလိုက်လေ...'

'အဲ..သေလို့မရသေးဘူး..မိန်းမယူရဦးမှာမို့...အဟင်း...ဟင်း...'

'ပြောတော့မန္တလေးမှာလေ့လာစရာရှိတာလေ့လာပြီးတာနဲ့ရန်ကုန်ပြန်ဆင်းမယ်ဆို....ခုကဘယ်လိုဖြစ်လို့ဒီအထိရောက်လာတာလဲ...?'

Love  or hateحيث تعيش القصص. اكتشف الآن