သူထွက်ပြေးတုန်းကနဲ့ခပ်ဆင်ဆင်တူပေမယ့် အခုထက်အဲ့တုန်းကပိုပျော်ခဲ့သည်။

စိတ်ထဲမှာ နည်းနည်းလေးဗလာဖြစ်နေသလိုမျိုး ခံစားနေရသည်။

ထို့နောက် သူလည်းပဲချင်ရှောင်းကို‌ကြိုက်နေခဲ့တာကို လင်ရှီးသိလိုက်ရသည်။

လင်ရှီးလည်း စိတ်လျှော့လိုက်ရုံပါပဲ.....

ကြိုက်တယ်ဆိုတော့လည်း ကြိုက်တယ်ပေါ့လေ။

လင်ရှီးတခြားတစ်ခုကိုလည်း ကြိုမြင်ခဲ့ပြီး အဲ့တာက ဒီဖက်ဒရယ်အာဏာသိမ်းသည့်စစ်ပွဲတွင် ချင်ရှောင်းထောက်ခံသည့်ဘက်က အနိုင်ရရှိမှာကိုပင်။

ချင်ရှောင်းသူ့ကို ထွက်သွား‌ပေးဖို့ပြောခဲ့တာက သူ့လုံခြုံရေးကို ကာကွယ်လိုသည့်အတွက်ကြောင့်ဖြစ်သည်။ သူက ချင်ရှောင်းဘေးနားရှိရေသူလေးဖြစ်ကြောင်း စုံစမ်းဖို့မလွယ်ပေ။

ထို့အပြင် ဟိုဘက်တွင်ဖုန်းလန်ကစောင့်ကြည့်နေသေးသည်။

လင်ရှီး သူသိထားတဲ့အနာဂါတ်အကြောင်းကို ချင်ရှောင်းအားဘာတစ်ခွန်းမှမပြောပဲ တိတ်တဆိတ်ထွက်ခွာသွားခဲ့သည်။

လင်ရှီး လျှို့ဝှက်ပြီးလုံခြုံသည့်နေရာတွင် လဝက်လောက်နီးပါးနေခဲ့တယ်။

လဝက်လောက်အိမ်ထဲမှာပဲနေပြီး အပြင်ကိုလုံးဝမထွက်ခဲ့ပေ။

သူ့ပတ်ဝန်းကျင်ရှိလူတွေက ချင်ရှောင်းရဲ့အမိန့်တွေကိုရရှိထားတဲ့လူတွေမှန်းသိသာပြီး လင်ရှီးတစ်ယောက်တည်းရှိနေစဉ် ပျင်းနေမှာစိုး၍ လင်ရှီးအချိန်ဖြုန်းလို့ရအောင် ပစ္စည်းတော်များများပေးခဲ့သည်။

လင်ရှီးသည် ပြတင်းပေါက်မှကျသောနေရောင်အောက်တွင် ဆိုဖာကိုမှီကာ စာအုပ်တစ်အုပ်ကိုဖတ်လေ့ရှိသည်။

ဒီနေရာမှာကွန်ပျူတာမရှိပေ။ ပြီးတော့အပြင်လောကနဲ့ဆက်သွယ်ဖို့ ဘာမှမရှိဘူး။

မဆက်သွယ်နိုင်တော့လည်း မဆက်သွယ်ဘူးပေါ့။ မူလကလင်ရှီး ဒီကမ္ဘာပေါ်တွင် သိတဲ့သူအများကြီးမရှိပေ။

The Villain Dressed As a Little MermaidWhere stories live. Discover now