ကျောင်းအပ်တာ....မိဘက လိုက်အပ်ပေးရတာလား..

ရိပေါ်ကျောင်းတုန်းကဆို မိဘက လိုက်ပို့ဖို့နေနေသာသာ တစ်ယောက်တည်း ကျောင်းအပ်ခဲ့ရပြီး တစ်ယောက်တည်းကျောင်းတက်ခဲ့ရတာမို့ ဒါမျိုးတွေ မသိရိုးအမှန်ပါ။
သူငယ်တန်းကစပြီး ၉တန်းအထိ မာမီက ကျောင်းလိုက်အပ်ပေးခဲ့ပေမဲ့ မာမီဆုံးသွားတဲ့နောက် ရိပေါ်မှာ တစ်ယောက်တည်းယောင်လည်လည်နှင့် အထက်တန်းနောက်ဆုံးနှစ်ကို တက်ခဲ့ရသည်။

သို့သော်...အလုပ်များနေသည့်ဖခင်က သူ့အား စာကျက်ဖို့ စာကြိုးစားဖို့ တစ်ခွန်းတစ်လေမှ အားပေးစကားမပြောခဲ့တာကြောင့်ရော၊ အရင်လို ချွဲချင်တိုင်း ချွဲလို့ရသည့် ရင်ခွင်နွေးနွေးလေး မရှိတော့တာကြောင့်ပါ ပေါင်းပြီး ရိပေါ် ကျောင်းဆက်တက်ချင်စိတ်မရှိတော့။
ပထမတစ်နှစ် သူကြိုးစားပြီး စာကျက်ပေမဲ့ စာမေးပွဲအခန်းရောက်တော့ ခေါင်းထဲ မိခင်ဖြစ်သူ၏ ပုံရိပ်များသာ စွဲထင်နေတာမို့ စာလုံး၀မရခဲ့။

ဒုတိယတစ်နှစ် ဒယ်ဒီ့တွန်အားကြောင့် ကျောင်းထပ်တက်ပြန်သော်လည်း အစတည်းက စာမေးပွဲဖြေဖို့စိတ်ကူးမရှိတဲ့ရိပေါ်က သူ့စိတ်ကူးအတိုင်း ဘာမှမဖြေခဲ့။

ဒီလိုနဲ့ ရိပေါ်မှာ ဆယ်တန်းနှစနှစ်ကျ၍ ကျောင်းထွက်လိုက်ရသူကြီး လုံးလုံးဖြစ်သွားတော့သည်။

°°°°°°°

"ဒီကမောင်လေး...Formမဖြည့်တတ်လို့လားဟင်
ကျဲဘာကူညီပေးရမလဲ.."

အခန်းတစ်ခု၏ ထောင့်နားတွင် Formဖြည့်ရမည့်စာရွက်လေးကိုင်ကာ ငူငူငိုင်ငိုင်ထိုင်နေသည့်ရှောင်းကျန့်ပုခုံးအား မိန်းခလေးတစ်ဦးက လာတို့ထိ၏။

"ဗျာ.....မဟုတ်ပါဘူး ရှစ်ကျဲ..."

ခေါင်းလေးငုံ့ကာ ကမန်းကတမ်း စာကုန်းရေးနေသည့် ရှောင်းကျန့်ကို သူမက ကြည့်ရင်း ပြုံး၏။

ချစ်စရာလေး...

"အုပ်ထိန်းသူ ပါမလာဘူးလားမောင်လေး
ဟို...စိတ်မရှိပါနဲ့ မောင်လေးဘေးနားမှာ လူတစ်ယောက်မှ မတွေ့လို့..."

ရှောင်းကျန့် မျက်နှာပျက်သွား၍ထင်၊သူမက ပြာပြာသလဲ ဖြေရှင်းချက်ပေးရှာ၏။

Dear Medical Student[Completed]Where stories live. Discover now