Characters' introduction

Start from the beginning
                                    

သူဘယ်လောက်ဆိုးဆိုးသူ့အပေါ်ကိုနားလည်ပေးနိုင်ဖို့ကြိုးစားခဲ့ဖူးပါတယ်....

သူရိုက်နှက်ရင်တောင်နာကြင်မှုကိုကြိတ်မှိတ်ခံရင်းခွင့်လွှတ်တတ်ဖို့စဥ်းစားခဲ့ဖူးတယ်....

မုန်းဖို့နေနေသာသာသူ့ကိုတရက်ထက်တရက်အချစ်ပိုနေရတာသူမသိလေဘူးလား....

အချိန်တွေကြာလေ...သူ့အပေါ်တွယ်တာလာလေဖြစ်မိတဲ့ကျွန်တော့စိတ်ကိုယ်ကျွန်တော်လည်းမကျေမနပ်ဖြစ်မိတယ်....

အရာအားလုံးနိဂုံးချုပ်လုဆဲဆဲမှာတော့ကျွန်တော့်အတွက်မောင့်အပေါ်ခံစားချက်နဲ့ပတ်သက်ပြီးအဖြေတစ်ခုရှိလာခဲ့တယ်....

တကယ်တော့...မောင်ဟာကျွန်တော့်အတွက်တော့ဘယ်တော့မှမက်ခွင့်မရှိတဲ့အိမ်မက်တစ်ခုဆိုတာပေါ့....

ဖြိုးဝေမောင်

တကယ်​​တော့ ခင်ဗျား ကိုကျွန်တော်ချစ်ပါလို့လဲမတောင်းဆိုခဲ့သလိုမုန်းပါလို့လည်းမပြောခဲ့ဘူးနော်....

ခင်ဗျားကျွန်တော့်ကိုသဲသဲလှုပ်ချစ်ပြလေကျွန်တော်ခင်ဗျားကိုပိုမုန်းလေဘဲ...

ဒါပေမဲ့....ဟင်း..
ခင်ဗျားကသတ္တိနည်းလိုက်တာဗျာလို့ပြောရမလား.....

ကျွန်တော့်ဘက်ကငြင်းလိုက်တာနဲ့ချက်ချင်းလက်လျှော့သွားရောလား...

ဟက်...အမှန်ဆိုခင်ဗျားကျွန်တော့်အပေါ်စိတ်ကုန်သွားတာကိုပျော်နေရမှာကျွန်တော်မဟုတ်ဘူးလား....

ဒါပေမဲ့...အဲ့အစားကျွန်တော့်စိတ်တွေပြိုလဲချင်နေတာဘာကြောင့်လဲ..?

ဒါမှမဟုတ်....သေချာတာက...ကျွန်တော်..ခင်ဗျား..အပေါ်...

ဟင့်အင်း...လက်မခံနိုင်ဘူး...အဲ့လိုအခြေမျိုးထိလည်းအရောက်မခံနိုင်ဘူးနော်...အဲ့လိုဖြစ်သွားရင်ခင်ဗျားကိုချစ်မိခဲ့တဲ့ကိုယ့်ကိုယ်ကိုအဆုံးစီရင်ပြစ်မှာ....

ကျွန်တော်ကယောကျ်ားစစ်စစ်.....ကျွန်တော်gayမဟုတ်ဘူး...

ပြီးတော့သေချာတာတစ်ခုက......ငါမင်းကိုလုံးဝမချစ်ဘူးတာရာဝေး...ငါ့ဘဝမှာငါ့မြတ်နိုးရာကတစ်ယောက်သောသူမဘဲ...မင်းမဟုတ်ဘူး...ငါသူ့အပေါ်သစ္စာမဖောက်နိုင်ဘူး...

Love  or hateWhere stories live. Discover now