အပိုင်း(၃၂)

Start from the beginning
                                    

MinYoongiနဲ့KimTaeHyungသည်
တွေ့မရှောင်အတွဲပီသစွာ ဝိုင်းတစ်ဝိုင်း၏
ထောင့်တွင်ကပ်လျှက်ပြင်းပြင်းထန်ထန်နမ်းနေ
ကြပြန်သည်။

TaeHyungခါးတွေအပေါ်ယှက်သန်းနေသော
Yoongi ၏လက်တွေအောက်ဘက်သို့အနည်း
ငယ်ဆင်းလာတော့သောက်ထားသမျှတွေ
ထသီးချင်သွားကာ တခြားလူတွေအမြင်
မသင့်တော်လှ၍အမြန်ပြေးသွားရသည်။

"Yoongi.....TaeHyung...."

ခံစားချက်တွေကောင်းနေတုန်းဖြတ်ဝင်
လာသောအသံကြောင့်MinYoongi၏
မကြည်မလင်မျက်နှာကြီးပေါ်ထွက်လာသည်။

"ဘာလဲ...."

"ငါ့အခန်းထဲသွား လှုပ်ရှားကြ ဘယ်နှယ့်
ငါ့ပါတီဆိုတာလည်းသတိရပေးဦးမှပေါ့
မင်းတို့ဟာ မြင်မကောင်းဘူး..."

"ငါ့ ယောကျ်ား ငါနမ်းတာလေ..."

"မင်းယောကျ်ားမင်းနမ်းတာမှန်ပေမယ့်
ပါတီက ငါ့ပါတီလေ...ငါ့စည်းကမ်း.."

"မမြင်သလိုနေလိုက်...."

"MinYoongi!!!..."

"အစ်ကို ဘာလို့ရပ်တာလဲ....
မရပ်နဲ့လေ...."

ဘာမှတောင်မစရသေးမူးပြဲနေပြီဖြစ်သော
KimTaeHyungသည်တရားကျစရာ။
ရှုပ်ပွပွဆံပင်တွေနဲ့မျက်လုံးတောင်မပွင့်
လူတွေသူတွေလည်းမသိတော့။
TaeHyungပုံစံအားကြည့်ကာစိတ်လေသွား
ပြန်၍ စိတ်ကိုလျှော့ကာထွက်သွားလိုက်ရပြန်သည်။

Hoseok ကျောခိုင်းသွားသည်နှင့်
ပြန်လည်အနမ်းမိုးတွေထပ်သွန်းနေကြပြန်ကာ
ရယ်တောင်ထရယ်လိုက်ကြသေးသည်။
ရွဲ့များနေသလားတောင်မပြောတတ်ပါ။

အားလုံးစိတ်လွတ်လက်လွတ်ပျော်ပါးကာ
ကခုန်နေကြသည့်ကြားကစီးကရက်တစ်လိပ်
လက်ကြားညှပ်ကာအရက်တစ်ခွက်ဖြင့်မှောက်
နေသူကလည်းရှိသေးသည်။

သူ့ဟာသူငြင်းပြီး သူ့ဟာသူကွဲနေသော
လူမိုက်ကြီးထူထူထောင်ထောင်မဖြစ်တော့တာ
ဆရာဝန်လေးဘက်ကအဆက်အသွယ်ဖြတ်
သွားထဲက။NamJoonဟာဆိုင်ကိုလည်းလုံးဝ
မလာတော့သလို Jinရှေ့ကိုလည်းလုံးဝမပေါ်လာ
တော့ပါ။

အက်ကြောင်းကဗျာ🍂Where stories live. Discover now