real life 2

3.4K 295 23
                                    

❤Unicode

ရှောင်းကျန့်တစ်ယောက် bunny နဲ့အတူ ကောင်းကင်ဥယျာဉ်ထဲကိုရောက်နေလေသည်။ ဥယျာဉ်ရဲ့အလယ်မှာ ယောက်ျားဆယ်ယောက်ဖက်စာလောက်ရှိတဲ့ မက်မွန်ပင်တစ်ပင်ရှိ၏။ ရှောင်းကျန့်တစ်ယောက် ထိုမက်မွန်ပင်ကြီးကိုမှီကာ မက်မွန်သီးတစ်ပုံကြီးကို ရှေ့ချပြီး တစ်လုံးပြီးတစ်လုံး စားနေလေသည်။

"သခင် ဒီတိုင်းပဲနေတော့မှာလား အရှင်တစ်ယောက်တည်းကပဲ လူ့ပြည်‌ေရးရော နတ်ပြည်‌ေရးရော အကုန်လုပ်နေရတာ သခင်က ဒီမှာလာပြီး ဇိမ်ကျနေတယ် မတရားဘူးလို့မထင်ဘူးလား"

Bunny ရဲ့စကားကို ရှောင်းကျန့်က မက်မွန်သီးကို တစ်ကိုက်ကိုက်လိုက်ပြီး ပြန်ဖြေသည်။

"ဘာလို့မတရားရမှာလဲ ငါ့အလုပ်ကို ငါ့ယောက်ျားလုပ်တာ အဆန်းမှမဟုတ်တာ..ဟွန့်! အစတည်းက အဲ့အလုပ်တွေက ငါလုပ်စရာကိုမလိုတာ.. ငါ့အလုပ်က ငါ့ယောက်ျားချစ်တာကို ဇိမ်နဲ့ခံနေရုံပဲ သဘောပေါက်လား..ဒါကို မင်းလို ဘဲမရှိတဲ့ကောင်တွေ နားမလည်ပါဘူး"

Bunny က သူ့သခင်ရဲ့ အနှိမ်ခံလိုက်ရတာကြောင့် နှာကစ်သွားလေသည်။

သူ့သခင် အိမ်ရှေ့စံဖြစ်ကတည်းက အလုပ်တွေအကုန်လုံး သူ့အရှင်ကသာ လုပ်နေရလေသည်။ ရှောင်းကျန့်ကတော့ နည်းနည်းလေးမှလှည့်မကြည့်ပေ။ အလုပ်‌ေတွပိနေလို့ ခဏလောက်ပစ်ထားမိပြန်ရင်လည်း ရှောင်းကျန့်က နားမခံသာအောင် ရစ်တတ်သေးသည်။

အရှင်က ဘယ်လိုသည်းခံနိုင်သလဲမသိပေမယ့် သူကတော့ သူ့သခင်ကို ကြိမ်လုံးကြီးကြီးနဲ့သာ ရိုက်ပစ်လိုက်ချင်သည်။ အခုလည်း အလုပ်ဝိုင်းလုပ်နေတဲ့သူ့ကို အတင်းဆွဲခေါ်လာပြီး မက်မွန်ဥယျာဉ်မှာ ဇိမ်လာကျနေပြန်သည်။

"ဝေ့ bunny စုတ်..တစ်ယောက်တည်းလောင်မနေနဲ့ ငါ့လင်ဆီသွားမယ် ခုချိန် ဘယ်ကောင်မနဲ့အကြူဇယားခင်းနေလဲဆိုတာ သွားစောင့်ဖမ်းရမယ်"

"ဟိုက ဒီလောက်ဖူးဖူးမှုတ်ထားတာတောင် မယုံနိုင်သေးဘူးလား.."

"ငါကဖမ်းမယ်ဆို ဖမ်းမယ်‌ပေ့ါ ဘာတွေရှည်လျှာနေတာလဲ သွားမယ်လာ"

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now