arc 10.7 လွမ်းတစေမောင်

3.9K 393 5
                                    

❤Unicode

ရှောင်းကျန့်တို့ ဒ‌ီနေ့ ‌ရှိုင်းရဲ့မိဘတွေဆီသွားဖို့ ပြင်ဆင်နေသည်။ ဒီနေ့က ရှိုင်းရဲ့ညီမလေးဆုံးတာ 3 နှစ်ပြည့်တဲ့နေ့ဖြစ်သည်။ အဲ့ဒါကြောင့် နှစ်ပတ်လည် သတိရဆွမ်းသွတ်ပွဲရှိလေသည်။

ရှောင်းကျန့်အပေါ်ထပ်က ဆင်းလာတော့ အဖေနဲ့အမေက အဆင်သင့်ဖြစ်နေချေပြီ။ သူဆင်းလာတာ‌ေတွ့တာနဲ့ အမေက သူ့ကိုပြုံးပြလာသည်။

"အလွမ်းလေးက ဒီလိုကျတော့လည်း လူကြီးလေးလိုပါပဲလား"

ပုဆိုး နီညိုရောင်လေးနဲ့ လည်ကတုံးလက်ရှည် အသားရောင်လေးဝတ်ထားတဲ့သူ့ကို အမေကလှမ်းနောက်၏။ အဖေကတော့ သူတို့သားအမိနှစ်ယောက်ကို ပြုံးကာကြည့်နေလေသည်။

"သားက အခုလည်းကလေးမဟုတ်တော့ပါဘူးနော်..တက္ကသိုလ်ကျောင်းသားကြီးတောင် ဖြစ်နေပါပြီ"

"ဟုတ်ပါပြီရှင် မေမေ့မျက်လုံးထဲမှာတော့ အလွမ်းလေးက အခုထိကလေးလိုပါပဲ"

"ဒီသားအမိတွေ ကျီစယ်တာရပ်ကြတော့ သွားရအောင် နောက်ကျနေမယ်"

"ဟုတ်ကဲ့အဖေ"

ရှောင်းကျန့်တို့သားအမိ သားအဖိသုံးယောက် ကားနဲ့ထွက်လာခဲ့ကြသည်။ မိနစ် ၂၀ လောက် မောင်းလာပြီးနောက်မှာတော့ ကြီးကျယ်ခမ်းနားတဲ့ ခြံဝန်းကြီးရှေ့ကို ရောက်လာလေသည်။

ခြံတံခါးကိုဖြတ်ကာ ဝင်လာပြီးနောက် အိမ်မကြီးကိုရောက်ဖို့ ၅ မိနစ်လောက် မောင်းဝင်ရသေး‌သည်။ လမ်းတစ်လျှောက် အဖြ‌ူရောင်နှင်းဆီပန်းတွေက လှိုင်နေအောင် ပွင့်နေလေသည်။ ရေတံခွန်အတု တစ်ခု နှစ်ခုကိုလည်း အချို့နေရာတွေမှာ‌ တွေ့ရသေးသည်။

လမ်းအဆုံးမှာတော့ နန်းတော်တမျှကြီးမားတဲ့ အဖြူရောင်တိုက်ကြီးတစ်လုံးကို ‌ေတွ့လိုက်ရလေသည်။ သမီးငယ်ရဲ့ သတိရလွမ်းဆွတ်ခြင်းမို့ လုပ်ငန်းရှင်တွေအများအပြားကို တွေ့ရသည်။

ရှောင်းကျန့်တို့ရောက်လာတော့ ရှိုင်းက ကားနားကို ချက်ချင်းရောက်လာ၏။ ရှောင်းကျန့်ရှိနေတဲ့ဘက်က ကားတံခါးကို ဖွင့်ပေးကာ လက်တစ်ဖက်ကမ်းပေးလာသည်။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now