arc 9.3 ပန်စူးလျဲ့

5.7K 618 26
                                    

❤Unicode

"ဒုန်း!''

"ပန်စူးလျဲ့! မင်းအခုချိန်ထိမထသေးဘဲ သေမနေနဲ့ မင်းဘာစောက်ချိုးချိုးတာလဲ ဟမ်! ဟေ့ကောင် ထလို့!''

"ဒုန်း!''

"ကျစ်! လူကမွေးပြီး ခွေးထွန်းတဲ့ဟာတွေ လူအိပ်ချိန်ကို မနှောင့်ယှ​က်ရဘူးဆိုတာ နားမလည်ဘူးလား''

မိုးတောင်မလင်းသေးဘူး သူ့အခန်းတံခါးကို တဒုန်းဒုန်းလာလုပ်နေတဲ့ အပြင်ကလူကို  ရှောင်းကျန့် ဒေါသထွက်သွားသည်။ရှောင်းကျန့်ဆိုတာ အိပ်နေစားနေတဲ့အချိန် နှောင့်ယှ​က်တာကို သေအောင်မုန်းတဲ့သူဖြစ်သည်။

ကုတင်ခြေရင်းကတန်းပေါ်မှာ တင်ထားတဲ့ အပေါ်ရုံကို လွှားလိုက်ပြီး သူ့အခန်းတံခါးကို ဆွဲဖွင့်လိုက်သည်။

"ခွပ်!''

"အာ့!''

တံခါးဆွဲဖွင့်ဖွင့်ချင်း ပူခနဲဖြစ်သွားတဲ့ ခံစားချက်နဲ့အတူ နဖူးထောင့်ကနေ သွေးတွေစီးကျလာသည်။ ကြမ်းပြင်ပေါ်ကို ကြည့်လိုက်တော့ ခပ်ချွန်ချွန်အုတ်ခဲကျိုးတစ်ခုကို တွေ့လိုက်ရသည်။ ကြည့်ရတာ တံခါးကို အုတ်ခဲကျိူးတွေနဲ့ ပစ်ပေါက်နေပုံပင်။

အိပ်ရေးပျက်လို့ စိတ်တိုနေတဲ့ ရှောင်း​ကျန့်က အသားပါနာသွားတာကြောင့် သူ့ရှေ့ကလူကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

"မင်း..မင်းဘာသာတံခါးဆွဲဖွင့်လို့ ထိသွားတာ ငါနဲ့မဆိုင်ဘူး မင်းကို ကျင့်လှိုင်ကောက လာခေါ်ခိုင်းလို့ လာခေါ်တာ ငါသွားပြီ''

သူ့ရဲ့အကြည့်တွေကို ကြောက်သွားဟန်ဖြင့် ထွက်ပြေးဖို့ကြိုးစားနေတဲ့ လူကိုကြည့်ကာ မဲ့ပြုံးပြုံးလိုက်သည်။ ထို့နောက် လေလိုအလျင်နဲ့ ထိုကောင်လေးနားကို ရောက်သွားပြီး ဆံပင်ကနေ​ေဆာင့်ဆွဲပစ်လိုက်သည်။

"အားးး ပန်စူးလျဲ့! ငါ့ကိုလွှတ်စမ်း ကျင့်လှိုင်ကောသိရင် မင်းကိုအလွတ်ပေးမယ်ထင်နေလား''

"ဟုတ်လား အဲ့ဒီကျင့်လှိုင်က ငါ့ကိုဘာလုပ်နိုင်မလဲဆိုတာ စောင့်ကြည့်ရတော့မှာပေါ့''

"ဖြန်း!''

"ပန်စူးလျဲ့ မင်း!''

"ဖြန်း! ဖြန်း!''

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now