arc 3.8 ရှီးယွဲ့လျန်

10K 1K 81
                                    

❤Unicode

"ယွဲ့ယွဲ့ ထတော့လေ..ကျောင်းသွားရမယ်''

"အင်း ရန်လေး အိပ်ချင်သေးတယ်''

ရိရန်တစ်ယောက် ပက်ကျိဖြစ်နေတဲ့ ယွဲ့လျန်ကိုကြည့်ပြီး အသည်းယားနေမိသည်။ အိပ်ယာထဲက ဖရိုဖရဲပုံစံလေးကအစ သူ့ရဲ့စိတ်ကိုလွှမ်းမိုးနိုင်လိုက်တာ..။

အိပ်ယာကမထချင်တဲ့ သူ့ရဲ့ယွဲ့ယွဲ့ကို ဆက်မနှိုးတော့ဘဲ အိပ်နေလျက်သားလေးကောက်ပွေ့လိုက်သည်။ ပျော့ဖက်ပြီးပါလာတဲ့ယွဲ့ယွဲ့က တကယ့်ကိုအပျင်းတစ်ခြင်းနတ်ဘုရားလေး..။

မျက်လုံးလေးမှိတ်ပြီးပါလာတဲ့ယွဲ့ယွဲ့ကို ရေချိုးခန်းထဲအထိပွေ့လာလိုက်ပြီး မျက်နှာသစ်ပေးခြင်းအမှုကို ပြုပေးရတော့သည်။

"မျက်လုံးမဖွင့်နဲ့နော် ယွဲ့ယွဲ့..ဆပ်ပြာတွေဝင်ကုန်မှာစိုးလို့''

"အွန်း....''

ရိရန် ယွဲ့ယွဲ့ရဲ့မျက်နှာနုနုလေးပေါ်ကို သူ့ရဲ့လက်ချောင်းလေးနဲ့ထိတွေ့ရင်း ကိုင်တွယ်နေမိသည်။ ယွဲ့ယွဲ့ကလှလိုက်တာ...။

ဘေစင်ဘောင်ပေါ်မှာ ထိုင်လျက်လေးတင်ပေးထားခံရတဲ့ယွဲ့ယွဲ့ရဲ့​ခြေထောက်နှစ်ချောင်းကြားထဲကို ရိရန်ကဝင်ထားတာမို့ မျက်နှာနှစ်ခုက သိပ်ကိုနီးကပ်လွန်းနေသည်။

မျက်လုံးမှိတ်ထားတဲ့ယွဲ့ယွဲ့က မခံစားရပေမယ့် မြင်နေရတဲ့ရိရန်ကတော့ ကြမ်းရမ်းပစ်ချင်နေတဲ့ဆန္ဒတွေကို သိက္ခာနဲ့ထိန်းနေရသည်။

ဆပ်ပြာအမြှုပ်လေးတွေကို ရေအေးအေးလေးနဲ့ဆေးပေးလိုက်တော့ မျက်နှာကနေစလို့ လည်တိုင်အောက် အတွင်းထဲအထိစီးဝင်သွားတဲ့ရေစက်တွေကို ရိရန်မနာလိုဖြစ်မိရပြန်သည်။

ရေစက်လေးတွေနေရာမှာ သူသာဆိုရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ..။

ရိရန် သူ့ရဲ့စိတ်ကူးလေးတွေကို ခဏဘေးချိတ်လိုက်ပြီး သွားတိုက်ပေးထားလို့ ပေနေတ့ဲသွားတိုက်ဆေးတွေကို ပလုတ်ကျင်းပေးဖို့လုပ်ရပြန်သည်။

"ယွဲ့ယွဲ့ ပလုတ်ကျင်းရအောင်''

သူပြောလိုက်တော့ ပါးစပ်လေးဟပေးတာကြောင့် ရေခွက်လေးကို နှုတ်ခမ်းနားတေ့ပေးလိုက်သည်။ ပါးစပ်ထဲရေရောက်သွားတာနဲ့ပလုတ်ကျင်းပြီး ပြန်ထွေးထုတ်လိုက်တဲ့ရေတွေက ရိရန်ရဲ့လည်တိုင်ကို တန်းခနဲ..။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now