arc 1.8

12.9K 1.1K 78
                                    

❤Unicode

ကုမ္ပဏီမှာ ရှောင်းကျန့်ပြဿနာရှာပြီးကတည်းက နောက်ထပ် Daddy ကိုဝမ်းနည်းအောင် ထပ်မလုပ်တော့ပေ။ ဇာတ်လိုက်မကလည်း သူနဲ့စကားပြောပြီးကတည်းက သူ့ကိုထပ်ပြီးမကောင်းမကြံတော့တာကြောင့် ရှောင်းကျန့်ရဲ့နေ့ရက်တွေက ပျော်စရာတွေနဲ့ပြည့်နှက်နေခဲ့တယ်။

အခု ရှောင်းကျန့်က တက္ကသိုလ်ပြီးလို့ မနက်ဖြန်ဆို ဘွဲ့ယူရတော့မယ်။ မနက်ဖြန်ကျရင် Daddy က သူ့ကိုဘယ်လိုတွေ Ro ပြမလဲဆိုတာကိုတွေးပြီး ရှောင်းကျန့်ရင်ခုန်နေမိတယ်။

"တောက်! ပြဿနာမဖြစ်ချင်လို့ငြိမ်နေတာကို အကောင်းမှတ်နေတာလား..မနက်ဖြန်ကျရင် ငါကိုယ်တိုင်သွားမယ်''

ရှောင်းကျန့် Daddy ရဲ့အလုပ်ခန်းအရှေ့က ဖြတ်လျှောက်တုန်း ကြားလိုက်ရတဲ့အသံတွေကြောင့် အခန်းထဲပြန်ရောက်တာနဲ့ system လေးကိုမေးလိုက်တယ်။

"system..Daddy မှာ ပြဿနာတစ်ခုခုရှိနေတာလား''

သူမေးလိုက်တော့ system လေးက ၅ စက္ကန့်လောက်ငြိမ်သွားတယ်။

"host သတင်းဆိုးနှစ်ခုရှိပါတယ်..ဘယ်ဟာအရင်နားထောင်မလဲ''

"ဒီဖေ..ပြောချင်တာပြောကွာ..အကောင်းလည်းတစ်ခုမှမပါဘဲနဲ့ ရွေးခိုင်းနေသေးတယ်''

"ဟီး..ဒါဆိုပြောပြီနော်..ပထမသတင်းဆိုးက ဇာတ်လိုက်ပြန်ရောက်နေပြီ''

"အင်း..ဆက်ပြော''

"ဒုတိယသတင်းဆိုးက အခု host ရဲ့ Daddy တို့လုပ်ငန်းတွေမှာ အနှောင့်အယှက်တွေရှိနေတယ်''

"ဇာတ်လိုက်ကောင်လက်ချက်မလား''

"ဟင်..host ကဘယ်လိုသိတာလဲ''

system လေးမေးလိုက်တော့ သူ့ကိုတုံးရန်ကောဆိုတဲ့အကြည့်တွေနဲ့ကြည့်လာတဲ့ host ကြောင့် နေရာမှာတင်သွေးအန်ချင်သွားတယ်။

"ဇာတ်လိုက်ကောင်ပြန်ရောက်လာတာနဲ့ Daddy ရဲ့လုပ်ငန်းတွေတိုက်ခိုက်ခံရတာလေ..ဒါကတိုက်ဆိုင်တာမှမဟုတ်တာ''

သူ့host ရဲ့အဖြေကြောင့် system လေးက သူ့ရဲ့ယုန်လက်လေးကိုထောင်ပြတယ်။ host တော်တယ်ဆိုတဲ့သဘောနဲ့..။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now