arc 10.4 လွမ်းတစေမောင်

4.4K 454 15
                                    

❤Unicode

"ဝှစ်!''

''ဘမ်း! ဘမ်း! ဘမ်း!''

စွမ်းအားနှစ်ခု ထိမိတဲ့အသံက အသူရာတောင်တန်းတဝိုက် ပြန့်နှံ့သွားလေသည်။

''ခေတ္တာရာရှိုင်း ဒီကိစ္စကမင်းနဲ့မဆိုင်ဘူး မင်းဝင်မပါနဲ့''

လရောင်အေးက သူ့ရဲ့စွမ်းအားတွေ ပျက်ပျယ်သွားတာကြောင့် ရှိုင်းကိုဒေါသထွက်သွားသည်။

''မင်းကရော မင်းနဲ့မဆိုင်တဲ့ကိစ္စမှာ ဘာလို့ဝင်ပါနေတာလဲ''

''ဟက်! သူကငါချစ်ရတဲ့လူကို အနိုင်ကျင့်တယ် အဲ့တော့ ငါကငါ့ချစ်တဲ့သူကိုယ်စား သူ့ကိုအပြစ်ပေးပိုင်ခွင့်ရှိတယ်''

''ငါလည်း ငါ့ချစ်သူကိုငါကာက​ွယ်တာပဲလေ''

''မင်း!''

ရှိုင်းရဲ့စကားကြောင့် လရောင်အေးက ရှူးရှူးရှားရှားဖြစ်သွားလေသည်။

''ကိုကိုရှိုင်း ကိုကိုလရောင် ကလျာကြောင့်နဲ့ရန်မဖြစ်ကြပါနဲ့ ဟင့် ကလျာတောင်းပန်ပါတယ်''

''ဟမ့်! ဘာလို့မင်းကြောင့်ဖြစ်ရမှာလဲ ငါ့ချစ်သူကိုလာထိလို့ ငါဝင်ပါနေတာ မင်းတို့ကိစ္စဆို စိတ်ကိုမဝင်စားဘူး''

''ခွီး!''

ရှိုင်းရဲ့စကားကြောင့် ရှောင်းကျန့် ပါးစပ်ကိုလက်နဲ့အုပ်ကာ ရယ်ချင်စိတ်ကိုထိန်းလိုက်ရသည်။ ဒါတောင် အသံထွက်သွားသေးသည်။

အိပ်မက်ကလျာကတော့ သူမအပြောခံလိုက်ရတာကြောင့် မျက်နှာကြီးက ရဲတွတ်သွားလေသည်။ အိပ်မက်ကလျာ မျက်နှာပျက်သွားတာကို တွေ့တော့ လရောင်အေးက ပိုပြီးဒေါသထွက်လာသည်။

''ဟက်! မင်းတို့က သွေးသစ်သီးကိုလိုချင်တယ်ဟုတ်လား ဟက်! mission တူနေတာတော့ နှမြောစရာပဲ မင်းတို့ ဒီဂိမ်းထဲက ပြန်မထွက်နိုင်စေရဘူး''

လရောင်အေးက ပြောနေရင်းကနေ သွေးသစ်သီးဆီ တရှိန်ထိုးပြေးသွားလိုက်သည်။ သူ့ရဲ့စွမ်းအားတွေကိုလည်း လက်ဖျားမှာစုစည်းထားလိုက်သည်။

''ဟက်! ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ''

ရှောင်းကျန့်က ရူးမိုက်လွန်းတဲ့ လရောင်အေးကိုကြည့်ကာ ခေါင်းသာခါလိုက်သည်။ ခေါင်းသုံးလုံးဖီးနစ်ငှက်ကို ဒင်းကဘာထင်နေတာလဲ။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now